Cele News မြန်မာဆယ်လီ

မင်းသားကြီးကျော်ဟိန်းအပေါ်မှာ မထားသင့်တဲ့ မာန်တစ်ခုထားဖူးတယ်ဆိုပြီးရင်ဖွင့်လာတဲ့ သရုပ်ဆောင်ကျော်၀င်းထွဋ်

မင်းသားကြီးကျော်ဟိန်းအပေါ်မှာ မထားသင့်တဲ့ မာန်တစ်ခုထားဖူးတယ်ဆိုပြီးရင်ဖွင့်လာတဲ့ သရုပ်ဆောင်ကျော်၀င်းထွဋ်

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ကျော်ဝင်းထွဋ်က မင်းသားကြီးကျော်ဟိန်းအပေါ်မှာ မထားသင့်တဲ့ မာန်တစ်ခုထားဖူးတယ်ဆိုပြီးအခုလို​ရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင်ကျော်၀င်းထွဋ်က ကျွန်တော်က ဦးကျော်ဟိန်းကိုချစ်တော့ ဖေကြီးလို့ခေါ်တယ်၊ ကျွန်တော်နယ်ကားလေးတွေနဲ့ နာမည်ရစအချိန်မှာ ဦးကျော်က သူကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်တဲ့ “ငါ့သားရှိရင်ပြီးတာပဲ”ဇာတ်ကားမှာ နေရာပေးပြီး ခေါ်ရိုက်ခဲ့ဖူးပါတယ်၊ ဦးကျော်လိုလူက ခေါ်ရိုက်ပေးတော့ ပျော်တာပေါ့နော်။

တကယ်ရှုတင်မှာရိုက်တော့ ငိုတဲ့အခန်းတစ်ခုမှာ မင်းငိုတော့ငိုရမယ်၊ မျက်ရည်မကျရဘူး၊ မျက်ရည်ကိုဝေ့ထားရမယ်ဆိုတော့ ဦးကျော်က ငါ့ကို လူတွေအများကြီးရှေ့မှာ မောင်းတာလားလို့ တွေးခဲ့ဖူးတာပေါ့နော်၊ တကယ်တော့ဦးကျော်က အနုပညာကိုတန်ဖိုးထားသူတစ်ယောက်ပါ၊ ဖေကြီးဦးကျော်ဟိန်းအပေါ်မထားသင့်တဲ့မာန်တစ်ခုထားခဲ့ဖူးတယ်ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision






Leave a Reply

Your email address will not be published.