မြန်မာဆယ်လီ

ဘယ်အရွယ်ရောက်ရောက် ပြောင်းလဲသွားမှာမဟုတ်တဲ့ ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်

ချစ်စရာကောင်းပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ မင်းသမီးချောလေး မေသက်ခိုင်ကို ပရိသတ်ကြီးအားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။

မေသက်ခိုင်ဟာ ဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး နိုင်ငံခြားမှာ သွားရောက်နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ မေသက်ခိုင်ဟာ အနုပညာလှုပ်ရှားမှုတွေမရှိပေမယ့် သူမရဲ့ ဖေ့စ်ဘုတ် Page လေးမှာပဲ သူမရဲ့လှုပ်ရှားမှုကို ရံဖန်ရံခါတင်ပေးလေ့ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မေသက်ခိုင်က သူမကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလာပြန်ပါတယ်။ မေသက်ခိုင်က ပုထုဇဉ်လူသားတစ်ယောက်ပီပီ အသက်အရွယ်ကြီးလာခဲ့ပေမယ့် အရင်အတိုင်းမပြောင်းလဲပဲ ချစ်စရာကောင်းနေဆဲဖြစ်တာကို တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် မေသက်ခိုင်ရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
MyanmCelebrit

Leave a Reply

Your email address will not be published.