Local News

သားသမီး ၁၁ယောက်ရှိပေမယ့် အလုပ်အကိုင်ကအဆင်မပြေတာကြောင့် စားဝတ်နေရေးအတွက် အခက်တွေ့နေရှာသော ဇနီးမောင်နှံ

ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်သက် နှစ်ပေါင်း ၂၀ကြာခဲ့သော်လည်း အိမ်ပိုင်အိုးပိုင်မဖြစ်သေးပဲ အိမ်ဌားနဲ့နေရကာ သားသမီးကလည်း ၁၁ယောက်ထိကို မွေးထား၍ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေခဲ့သည်။ ဖခင်တစ်ယောက်တည်းရဲ့လုပ်စာနဲ့ သားသမီး ၁၁ယောက်လုံးရဲ့ စားဝတ်နေရေးအတွက် ချွေတာသုံးစွဲရာတွင် အလုပ်အကိုင်က ရှိလိုက်မရှိလိုက်ဖြစ်နေတာကြောင့် အိမ်ဌားခပေးဖို့ပင် မတတ်နိုင်တော့ပဲ နောက်ဆုံး ကလေးတွေအများကြီးနဲ့ လမ်းဘေးမှာ ထွက်အိပ်ရမလိုပင် ဖြစ်ခဲ့ရသည်။ သို့ပေမယ့် သူတို့ဇနီးမောင်နှံသည် ဘယ်လောက်ပဲ ခက်ခဲသည့်အခြေအနေမှာရောက်နေပါစေ သူတို့ရဲ့သားသမီးတွေအား ခေါ်ယူမွေးစားမည့်သူတွေရှိပေမယ့် မပေးခဲ့ကြပဲ သူတို့ရဲ့စောင့်ရှောက်မှုအောက်မှာသာရှိနေစေချင်ကြပြီး ကံကောင်းစွာပဲ သူတို့မိသားစုရဲ့အဖြစ်ကို ပရဟိတအသင်းမှ သိရှိပြီး လိုအပ်သည်များကို ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြသည်။

MyanmCelebrit

Leave a Reply

Your email address will not be published.