မြန်မာဆယ်လီ

ဘဝမှာ ပထမဦးဆုံးအကြိမ်ထိုးဖြစ်ခဲ့တဲ့ တက်တူးပုံလေးကို ပရိသတ်တွေဆီ ပြသလာခဲ့တဲ့ Bobby Soxer

လူငယ်ကြိုက်အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ Bobby Soxer ကတော့ Rap သီချင်းတွေနဲ့ အောင်မြင်ခဲ့သလို နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာကောင်းတဲ့ သူမရဲ့ အချစ်ရေးလေးကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကိုခံရသူဖြစ်ပါတယ်။

Bobby Soxer ဟာ သီချင်းဆိုကောင်းသလို ဖက်ရှင်ကျသူတစ်ယောက်လည်းဖြစ်ပြီး သူမရဲ့ဝတ်ပုံစားပုံ ဖက်ရှင်တွေဟာလည်း ယနေ့ထိတိုင် လူငယ်တွေကြားထဲမှာ ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။

ခေတ်လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာနေထိုင်တတ်တဲ့ Bobby Soxer ဟာ သူမရဲ့ လူငယ်ဘဝမှာ တက်တူးတစ်ခုကိုလည်း ထိုးခဲ့ပြီပဲဖြစ်ပါတယ်။

Bobby Soxer က သူမရဲ့ ရင်ဘတ်အပေါ်မှာ အသည်းပုံတက်တူးသေးသေးလေးထိုးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေဆီ အင်စတာဂရမ်စာမျက်နှာကနေတဆင့် ပြသလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ Bobby Soxer ကတော့ သူမဘဝရဲ့ ပထမဦးဆုံးတက်တူးကို အသက် (၂၉) နှစ်အရွယ်ရောက်မှ ထိုးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီခေတ်လူငယ်နီးပါးတိုင်းမှာ တက်တူးတစ်ခုစီ အနည်းဆုံးရှိတာမို့ ပရိသတ်ကြီးကလည်း Bobby Soxer ကို ချစ်တဲ့မျက်စိလေးနဲ့ ကြည့်ပေးကြပါလို့ တောင်းဆိုပါရစေနော်။
MyanmCelebrit

Leave a Reply

Your email address will not be published.