မြန်မာဆယ်လီ

စိတ်ခံစားမှုအလိုက်ဆွဲခဲ့တဲ့ ပန်းချီကားအချို့ကို ပရိသတ်တွေကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်မယ်လို့ အသိပေးလာခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားစတိုင်ဒီဇိုင်းတွေနဲ့ သူ့ရဲ့ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ဘဝနေထိုင်မှုကို အပျော်အပါးတွေထက် သူချစ်တဲ့အလုပ်တွေကိုလုပ်ရင်း ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေလျက်ရှိတာပဲဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေချစ်သလို ပန်းချီဆွဲတာကိုလည်း ဝါသနာပါတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာတော့ သူကိုယ်တိုင်ဆွဲထားခဲ့တဲ့ ပန်းချီကားတွေနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။ပိုင်တံခွန်က “ကျနော်ရဲ့ စိတ်ခံစားမှုအလိုက်ဆွဲခဲ့တဲ့ ပန်းချီတွေပါ။ တချို့သောပန်းချီတွေကို ကျနော် ရောင်းချလိုက်ပါပြီ ။ အခုကျန်ရှိသေးတဲ့ ဒီပန်းချီတွေကို ဝယ်ယူချင်တာ ဖြစ်ဖြစ် ၊ စိတ်ဝင်စားလို့ လာရောက်ကြည့်ချင်တာဖြစ်ဖြစ် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်း ပေါ်က The Time Link ရဲ့ ( Arteriors Furniture ) Showroom No ( 104/105 ) သွားရောက် ကြည့်ရှုနိုင်ပါတယ်ခင်မျာ ။ဝယ်ယူမဲ့သူတွေကို ကျနော်ကိုယ်တိုင် လာရောက် အပ်နှံပေးပါ့မယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။ပိုင်တံခွန်ကတော့ သူကိုယ်တိုင်ဆွဲထားခဲ့တဲ့ ပန်းချီကားတွေကို စိတ်ဝင်စားလို့ လာရောက်ကြည့်ရှုချင်သူတွေအတွက် အပြင်မှာမျက်မြင်ကိုယ်တွေ့ကြည့်ရှုနိုင်မယ့် လိပ်စာလေးကို ပေးထားခဲ့ပြီး တကယ်လို့ သူ့ရဲ့ပန်းချီကားတွေကိုလိုချင်လို့ ဝယ်ယူချင်တယ်ဆိုရင်လည်း သူကိုယ်တိုင်ပန်းချီကားကို လာအပ်နှံပေးပါမယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.