မြန်မာဆယ်လီ

“ကိုယ့်ဇာတ်လမ်းမှာကိုယ်သာဇာတ်လိုက်” ရုပ်ရှင်မှာ ယွန်းရွှေရည်အတွက် သရဲမိတ်ကပ်လိမ်းပေးနေတာကို ပြသလာတဲ့ နေတိုး

နိုင်ငံကျော်မင်းသားချော နေတိုးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာတော့ ဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီဆုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

နေတိုးဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး သူ့ရဲ့ပရိသတ်တွေနဲ့ သူ့ရဲ့ YouTube Channel ကနေ တဆင့် ဗီဒီယိုလေးတွေကို တင်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာလည်း နေတိုးက သူ့ရဲ့အနုပညာ

သက်တမ်းတစ်လျှောက်က အမှတ်တရလေးတစ်ခုကို ပရိသတ်တွေဆီ ပြသလာခဲ့ပါတယ်။ နေတိုးက “ကိုယ့်ဇာတ်လမ်းမှာကိုယ်သာဇာတ်လိုက်” ရုပ်ရှင်မှာ သရုပ်ဆောင်ယွန်းရွှေရည်အတွက် သရဲမိတ်ကပ် ကိုယ်တိုင်လိမ်းခြယ်ပေးခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေဆီ အခုလိုပဲပြသလာခဲ့တာပဲဖြစ်ပါတယ်။နေတိုးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့်

အနုပညာနဲ့ပတ်သက်လာရင် တော်တော်များများကို လေ့လာခဲ့သလို Special Make Up ပညာကိုလည်း သင်ယူထားကာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေထဲက အထူးမိတ်ကပ်ပြုလုပ်ချက်တွေကို သူကိုယ်တိုင်ပဲလိမ်းခြယ်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.