မြန်မာဆယ်လီ

သူမရဲ့ဆိုင်လေးကို တကူးတက လာရောက်အားပေးကြတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို ကျေးဇူးတင်စကားပြောလာတဲ့ မေကဗျာ

သရုပ်ဆောင် အကယ်ဒမီ မေကဗျာကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ မေကဗျာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့ရာ လက်ရှိအသက် (၃၈) နှစ်အရောက်မှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး စီးပွားရေးကိုပဲ ဦးစားပေးလုပ်ကိုင်လာခဲ့တာပဲဖြစ်ပါတယ်။ မေကဗျာက အရင်ကတည်းက မိသားစုပိုင် အထည်လုပ်ငန်းကိုလုပ်ကိုင်လာခဲ့သူမို့ လက်ရှိလည်း အဝတ်အထည်လုပ်ငန်းကိုပဲ လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ K2 ဆိုတဲ့ အထည်ဆိုင်လေးကို ဖွင့်လှစ်ထားတဲ့ မေကဗျာဟာ ပရိသတ်တွေသာမကပဲ အနုပညာလောကသားတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။ မေကဗျာက ဒီကနေ့မှာလည်း သူမရဲ့ဆိုင်လေးကို လာရောက်လည်ပတ်အားပေးကြတဲ့ ဇာတ်ပို့သရုပ်ဆောင် ကြူကြူသင်း၊ နှိုင်းယှဉ်မြင့်မိုရ်၊ ကိုဘင်း၊ အေးအေးအောင်သင်းနဲ့ အင်ကြင်းတို့ကို “အရင်ကကိုယ့်မောင်နှမတွေဆုံ အရင်လိုစကားတွေပြောကြတာအားရပါးရ ကျေးဇူးပါ လူစုံတက်စုံလာအားပေးကြတာ ဒီနေ့ ဟောလစ်တွေအများကြီးရောင်းပေးလို့ကျေးဇူးပါ Live Queen နှိုင်းရှင်မြင့်မိုရ် အဖွဲ့သားများ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.