Cele News မြန်မာဆယ်လီ

ကိုယ့်ကိုကို သတ်သေချင်တဲ့ စိတ်အခြေအနေတွေ ဖြစ်ခဲ့ဖူးကြောင်းပြောလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်

ကိုယ့်ကိုကို သတ်သေချင်တဲ့ စိတ်အခြေအနေတွေ ဖြစ်ခဲ့ဖူးကြောင်းပြောလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ပိုင်တံခွန်က ကိုယ့်ကိုကို သတ်သေချင်တဲ့ စိတ်အခြေအနေတွေ ဖြစ်ခဲ့ဖူးကြောင်း အခုလိုပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်ပိုင်တံခွန်က ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာကို ပိုကျန်းမာအောင် နေပေးပါ၊ ကမ္ဘာပေါ်က ရှိရှိသမျှလူသားတိုင်းမှာ စိတ်ညစ်စရာတွေ ပူပန်စရာ သောကတွေ ဆိုတာ ရှိပါတယ်၊ လူသားတိုင်းက ဒါကို အပြင်ကို မထုတ်ပြတာပဲရှိတာပါ၊ ဒါဟာ ကိုယ်တယောက်တည်းလုံးဝ လုံးဝ မဟုတ်ပါဘူး၊ ဒါဟာ အသက်အရွယ်နဲ့ လည်း မဆိုင်ပါဘူး၊ လူတိုင်းမှာ သူ့အသက်အရွယ်အလိုက် stress level ဆိုတာရှိပါတယ်။

ဥပမာ ၃နှစ်သား ကလေးအရွယ်မှာတောင် လိုချင်တာမရလို့ သူ့အသက်နဲ့ နားလည်နိုင်တဲ့ ခံစားနိုင်တဲ့ စိတ်ညစ်စရာ သောကတွေဆိုတာရှိပါတယ်၊ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တွေမှာ ကိုယ့်အပူနဲ့ကို ကိုယ်စီရှိနေတာကိုပါ၊ အဲလို စိတ်သောကတွေ ၊ ပူပန်စရာတွေ၊ အရာရာကို အရှုံးပေးချင်တဲ့ စိတ်တွေ ၊ ပြသနာကို ရင်မဆိုင်ရဲတဲ့ စိတ်တွေ၊ လက်လျော့ချင်တဲ့စိတ်တွေ၊ depression တွေ၊ အတွေးလွန်မှုတွေ ဆိုတာ ကိုယ်တစ်ယောက်တည်းမှ ဘာလို့ရွေး ဖြစ်နေတာလည်းလို့ မထင်စေချင်ပါဘူး၊ လူတိုင်းမှာရှိပါတယ်။

အခုရက်ပိုင်းမှာ Suicide လုပ်လာတဲ့ သူတွေများလာတာကို တွေ့လာရပါတယ်။ ကျနော့်ဘဝမှာလည်း ဒီလိုအခြေနေတွေအများကြီး ကျော်ဖြတ်ခဲ့ဖူးပါတယ်၊ တခါတလေ ဒီဘဝကြီးကို အရှုံးပေးဖို့ လက်လျော့ဖို့ လုပ်ချင်တဲ့အခါတိုင်း ” လောကမှာ ဘယ်လောက်ပဲ ဆိုးပါစေ အဆိုးတွေ အမြဲတမ်း မဖြစ်နေသလို အကောင်းတွေဟာလည်း
အမြဲတမ်း တည်မြဲမနေပါဘူး ” ဆိုတာကို သိထားပေးပါခင်မျာ။

ပြန်လည်တည်ဆောက်ပါ၊ မနက်ဖြန်တိုင်းမှာ အခွင့်အရေး အသစ်တွေဆိုတာရှိပါတယ် ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published.