မြန်မာဆယ်လီ

အောင်မြင်မှုတွေ ရွှေငွေတွေထက် မိဘကျန်းမာပျော်ရွှင်ဖို့ကဘဲ အရေးကြီးပါတယ်လို့ ပြောလာတဲ့ အဆိုတော် မေခလာ

ပရိသတ်ကြီးရေအဆိုတော် မေခလာကတော့ သီချင်းကောင်းတွေနဲ့အတူ ဂီတနယ်ပယ်မှာ ဒီနေ့အချိန်ထိ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ မေခလာက အောင်မြင်မှုတွေ ရွှေငွေတွေထက် မိဘကျန်းမာပျော်ရွှင်ဖို့ကဘဲ အရေးကြီးပါတယ်လို့ ပြောလာတာဖြစ်ပါတယ်။မေခလာကမေကြီးဆေးရုံကဆင်းပါပြီဝမ်းသာတာ ဘာနဲမှမလဲနိုင်ပါဘူးအောင်မြင်မှုတွေရတနာရွှေငွေတွေယူမလား မယူချင်ပါအမေအသက်ရှည်ကျန်းမာတာပဲမြင်ချင်တာပါ။


မိဘကြောင့်သားသမီးတွေမျက်နှာငယ်ဘဝပျက်တာတွေ့ဖူးပါတယ်။မိဘကြောင့်သားသမီးတွေစံစား ဂုဏ်ကြွယ်ရတာတွေလဲတွေ့ဖူးပါတယ်မိဘကြောင့်စံစားဂုဏ်ကြွယ်ခဲ့တာမေခလာ မိသားစု ပါ။

မေကြီး ဟာဖေကြီးလစာနဲ့မိသားစု လောက်အောင်နေခဲ့ပေမဲ့ မိသားစုများတော့မလုံလောက်ခဲ့ပါဘူးဖေကြီးကိုတချက်လေးမှ့မညည်းညူခဲ့ပဲသူ့မှာပါလာတဲ့လက်ဝတ်ရတနာတွေတခုပြီးတခု့ ချွတ်ရောင်းခဲ့ပါတယ်မေကြီးတို့ကငွေရှိတဲ့မိသားစု ကဆင်းသက်လာသူမို့ ရတနာထုတ်နဲ့ပစ္စည်းအစုံ ပါပဲချစ်ငယ်မှတ်မိပါသေးတယ် စိန်ကြိုး ပတ္တာမြားအလုံးကြီးနီလာအလုံးကြီး 999 ရွှေပြားတွေအများကြီးပါပဲအဲ့ဒါတွေတခုပြီးတခု သားသမီးတွေစားဝတ်နေရေးတွက်ထုတ်ရောင်းခဲ့တာ တခုမှမရှိတော့ဘူးသားသမီးတွေမျက်နှာမငယ်ရအောင်ထားခဲ့တဲ့မေမမေကြီးရဲ့လင်ညီအမ ဖွားမေခင်က အင်းစိန်စျေးမှာသွားရောင်းပေးခဲ့ရတာ ရောင်းတာများလာလို့ ဖွားမေခင်က ဖြူဖြူရယ်သမျောစရာကြီး မရောင်းပါနဲ့တော့လို့ပြောသံကြားဖူးတယ်ဖြူ့သားသမီးတွေအတွက်ဝအောင်ကျွေးချင်လို့ပါမမမေရယ်တဲ့အဲ့ဒါတွေအားလုံးကိုချစ်ငယ်မှတ်မိနေပါတယ်လေယာဉ်မောင်းနေတဲ့ယောက်ကျားသိရင်စိတ်မကောင်းဖြစ်မှာဆိုးလို့ လင်ညီအမတွေ

နှုတ်လုံခဲ့ကြတာဒီလိုအမေမျိုးခု သူအသက်လဲထောင်းဇရာလဲညောင်းခဲ့ပြီအမေ သားသမီးတွေပြန်ကြည့်ရမဲ့အချိန်တွေလေသမီးငယ်ငယ် မေ့မေ့အတွက်သိန်းရာကျော်ကုန်ခဲ့မှာပဲနော်မေမေဆေးကုသဖိုးဟုတ်လား တဲ့မေမေရယ်မကျပါဘူး ပါးပါးလေးပါဘယ်လောက်မှမကုန်ဘူးမယုံရင်ညီမရတနာ ကိုမေးကြည့်လို့ မေမေကိုညာမိခဲ့ပါတယ် ရင်ထဲမှာကျေးဇူးဆပ်ခွင့်ရလို့မေခလာပျော်မိတာအမှန်ပါ

MyanmCelebrit

Leave a Reply

Your email address will not be published.