မြန်မာဆယ်လီ

နေမကောင်းဖြစ်နေတဲ့ အန်တီဘိုကလေးစိန်အတွက် မွန်မြတ်သော ဆေးဖိုးအလှူလေး ပြုလုပ်ခဲ့တဲ့ မေပန်းချီ

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ မေပန်းချီကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ ပုရိသတွေကို တဖြုတ်ဖြုတ်ကြွေသွားလောက်စေတဲ့ အလှတွေနဲ့ ဆွဲဆောင်နေတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကတော့ မေပန်းချီရဲ့ အလှတွေကို ထင်ဟပ်ပြနေပါတယ်။

အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေသလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေတဲ့ သမီး အလိမ္မာလေးဖြစ်လို့ အားလုံးက ပိုတောင် လေးစားနေကြတာပါ ။

အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် လှူဒါန်းလေ့ရှိပါတယ် ။အခုလည်း နေမကောင်းဖြစ်နေတဲ့ အန်တီဘိုကလေးစိန်အတွက် မွန်မြတ်သော ဆေးဖိုးအလှူလေး ပြုလုပ်ဖြစ်ခဲ့ပုံကို ” နေမကောင်းတဲ့ အန်တီဘိုကလေးစိန်အတွက် ဆေးဖိုးလေး(၂)သိန်း သွားလှူရင်း အနုပညာသမားလို့မပြောရဘူး နေမကောင်းပေမဲ့လဲ ရူတင်လေးတွေမျှော်နေရှာတုန်း🥹🥹 ဓာတ်ပုံကရိုက်လေ့မရှိပေမဲ့ အန်တီအမှတ်တရရိုက်ချင်တယ်ဆိုလို့🙏🏻” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
MyanmCelebrit

Leave a Reply

Your email address will not be published.