မြန်မာဆယ်လီ

ကိုယ့်သားအရွယ်လေးတွေဖြစ်တဲ့ ခိုင်နှင်းဝေဂေဟာက ကလေးတွေကိုကြည့်ပြီး သနားတာကြောင့် ငွေ(၁၀) သိန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုကိုရရှိခဲ့သူဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က တချိန်က ခက်ခဲတဲ့အချိန်တစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အခုဆိုရင် အဆင်ပြေတဲ့အချိန်တစ်ခုကိုရောက်ရှိလာပြီဖြစ်ပြီး စိတ်ရှိတိုင်းလှူနိုင်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နှိုင်းယှဉ်မြင့်မိုရ်က သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဂေဟာမှာ အလှူငွေ (၁၀) သိန်းကျပ်လှူဒါန်းခဲ့တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။နှိုင်းယှဉ်မြင့်မိုရ်က “ဟိုတနေ့ညက နိုနိုင်းလေး‌အိပ်ပျော်သွားလို့ Fb ကြည့်လိုက်မိတဲ့အချိန် မခိုင်နှင်းဝေ နဲ့ ခလေးလေးတွေပုံတက်လာတယ်။ မီးပျက်နေတာမို့ အငယ်လေးတွေ နဲ့ အောက်ထပ်ဆင်း နေတယ်လို့ရေးထားလို့ ဝင်ကြည့်မိတော့ ကိုယ်ဘေးမှာ အိပ်ပျော်နေရှာတဲ့ ကိုယ့်သားငယ်လေး အရွယ်လေးတွေချည်း။

သူတို့ဘေးက ဆရာမတွေကို ရီပြနေကြတဲ့ပုံလေးတွေ အပြစ်ကင်းလိုက်တာ။ ဘာမှ မသိကြရှာဘူး။ အပူအပင်ကင်းပြီး ချစ်ဖို့ကောင်းလိုက်တာ။ ရင်ထဲ မှာအရမ်းလှုချင်စိတ်ဖြစ်မိတယ်။ ဒိုက်ဘာ နို့မှုန့်တွေ လိုက်ဝယ်ဖို့ အချိန်မရလို့ ကိုယ်ရဲ့ လုပ်အားခထဲက ငွေဆယ်သိန်း လှုဖို့ အမကိုဆက်သွယ်ထားတယ်။ သူတို့လေးတွေအတွက် တထောင့်တနေရာကနေ ကူတာပါ။

ဒီအလုပ်ကို လုပ်နေတဲ့ အမခိုင်နှင်းဝေရဲ့စိတ်ကိုလည်း အရမ်းလေးစားမိတယ်🙏ခလေးတွေရဲ့မိဘတွေကိုယ်စားကျေးဇူးလည်းတင်မိတယ်🙏” ဆိုပြီး ပြောလာပါတယ်။နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမရဲ့သားငယ်လေး နိုနိုင်းနဲ့ အရွယ်မတိမ်းမယိမ်းလေးတွေဖြစ်ကြတဲ့ ကလေးလေးတွေကို စာနာတဲ့အနေနဲ့ ခိုင်နှင်းဝေဂေဟာက ကလေးတွေကို အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့တယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.