မြန်မာဆယ်လီ

(၃၁) နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ဆရာလေး ထေရနန္ဒီ ဘွဲ့အမည်နဲ့ သီလရှင်ဝတ်ကုသိုလ်ယူခဲ့တဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် နိုင်ငံကျော်အဆိုတော်ဖြစ်လာတာပဲဖြစ်ပါတယ်။

အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်တဲ့ နီနီခင်ဇော်က အလှူအတန်းရက်ရောသူလေးတစ်ယောက်လည်းဖြစ်ပြီး အခြားသူအတွက်ကို အမြဲတမ်းစဉ်းစားပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။

ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ်လုပ်ကိုင်လျက်ရှိတဲ့ နီနီခင်ဇော်ဟာ ဒီကနေ့မှာလည်း ကုသိုလ်ထူးတစ်ခုကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ နီနီခင်ဇော်က သူမရဲ့မွေးနေ့မှာ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ သီလရှင်ဝတ်ကုသိုလ်ယူခဲ့ပြီး ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ နီနီခင်ဇော်က ဆရာလေး ထေရနန္ဒီ ဘွဲ့ခံယူပြီး သီလရှင်ဝတ်ကုသိုလ်ယူခဲ့တာကို အခုလိုမျိုးပဲတွေ့ရပါတယ်။နီနီခင်ဇော်ကတော့ မွေးနေ့မှာ ကုသိုလ်ထူး ကုသိုလ်မြတ်တွေပြုလုပ်ရင်း အကျိုးရှိရှိဖြတ်သန်းခဲ့ပြီပဲဖြစ်ပါတယ်။

နီနီတစ်ယောက် တရားထူးတရားမြတ်တွေကို ကျင့်ကြံအားထုတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.