မြန်မာဆယ်လီ

သီချင်းမဆိုတဲ့ (၂) နှစ်ကျော်အတွင်း အရင်လို ပုံမှန်အသံမျိုးပြန်မဖြစ်တော့ဘူးလို့ ပြောပြလာခဲ့တဲ့ ကော်နီ

စတူဒီယိုတေးသံရှင်တစ်ယောက်ဖြစ်တဲ့ ကော်နီကတော့ ဂီတသက်တမ်း နှစ်(၃၀) ကျော်တိုင် အောင်မြင်မှုအရှိန်အဟုန် လုံးဝကျဆင်းသွားခြင်းမရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အသက် (၅၅) နှစ်အရွယ်နီးပါးရှိနေပြီဖြစ်တဲ့ ကော်နီဟာ ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေတွေကြောင့်ရော သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကော်နီက သူမရဲ့ အသံနဲ့ပတ်သက်ပြီး အရင်လိုအခြေအနေမဟုတ်တော့တဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။

ကော်နီက “ကိုဗစ်ကြီးစဖြစ်ပါပြီဆိုကတည်းက သီချင်းမဆိုဖြစ်ခဲ့တာ အခုတော့.. ၂နှစ် ကျော် ရှိနေခဲ့ပြီပေါ့။ မဆိုဘူးဆိုတာထက် ညည်းတောင် မညည်းမိတော့တာမျိုးပါ။ ငါသီချင်းဆိုလို့မှရသေးရဲ့လားဆိုပြီး သီချင်းလေးဖွင့်ပြီးလိုက်အော်ကြည့်တော့ အသံကယိုင်ထိုးပြီးလိုရာမရောက်ပါဘူး။ အခုတော့နည်းနည်းပြန်လေ့ကျင့်ရတော့မယ့်သဘောရှိနေပါပြီ 😰” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ကော်နီကတော့ အသက်အရွယ်တစ်ခုကလည်းရနေပြီဖြစ်ပြီး သီချင်းလည်းမဆိုခဲ့တာကြာပြီမို့ သူမရဲ့ အသံဟာ အရင်အတိုင်းမဖြစ်တော့ပဲ ပြန်လည်လေ့ကျင့်ရတော့မယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကော်နီရဲ့သီချင်းတွေကတော့ ပရိသတ်တွေက ကြိုက်နှစ်သက်အားပေးနေကြဆဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.