မြန်မာဆယ်လီ

ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ (၃) သိန်းကျပ်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ ပရိသတ်တွေကြား နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ ဆောင်းယွန်စံဟာ လက်ရှိမှာတော့ အနုပညာအလုပ် တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ဖက် တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။

လူလေးလှသလို အလှူအတန်းပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ပတ်သက်လာရင် ဘယ်တော့မှလက်မနှေးတတ်တဲ့ ဆောင်းယွန်းစံဟာ ဒီတစ်ခါမှာလည်း ရုပ်ရှင်အစည်းအရုံးအဖွဲ့အတွက် အလှူငွေတွေလှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။ ဆောင်းယွန်းစံက ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ (၃) သိန်းကျပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ရုပ်ရှင်အစည်းအရုံးဟာ စစ်ကောင်စီရဲ့လက်ပါးစေဖြစ်နေတယ်ဆိုတဲ အကြောင်းပြချက်နဲ့ အချို့သောအနုပညာရှင်တွေဟာ နှုတ်ထွက်ထားကြတာပဲဖြစ်ပါတယ်။ ဒါပေမယ်လည်း နှစ်စဉ်ကျင်းပနေဆဲဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲကိုတော့ ဒီနှစ်မှာဆက်လက်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.