မြန်မာဆယ်လီ

တင်ပုဆုံအရိုးဆုံကျိုးသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူရမယ့် အဆိုတော် ဂျေညီညီ

ပရိသတ်ကြီးရေ ဂျေညီညီကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးထိပ်တန်းအဆိုတော်ကြီးအဖြစ်နဲ့ အောင်မြင်မှုတွေကို များစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ချစ်တဲ့ တေးသီချင်းတွေကို သီဆိုနေရင်း ပရိသတ်အချစ်တော်အဖြစ်ဆက်လက်ရပ်တည်နေခဲ့ပါတယ်။

အောင်မြင်တဲ့ အဆိုတော်တော်တော်များများကတော့ စံထားရတဲ့ အဆိုတော်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေနိုင်တဲ့အထိကိုအောင်မြင်မှုတွေကို ထိန်းသိမ်းထားသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂျေညီညီက သူ့ရဲ့တင်ပုဆုံအရိုးဆုံကျိုးသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူရဖို့ရှိတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် အသိပေးလာခဲ့ပါတယ်။

ကဲ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့ရေ ဖြစ်နေတဲ့ရောဂါက တင်ပုဆုံအရိုးဆုံကျိုးသွားတာပါတဲ့ ခွဲပြီး ballအသစ်လဲရမှာပါတဲ့ဗျား” ဆိုပြီး လက်ရှိ ဝှီးချဲပေါ်မှာ ထိုင်နေရတဲ့ သူရဲ့ ပုံလေးနဲ့အတူမျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဦးညီတစ်ယောက် ခွဲစိတ်ကုသမှုအောင်မြင်ပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

MyanmCelebrit

Leave a Reply

Your email address will not be published.