မြန်မာဆယ်လီ

ကွယ်လွန်ခြင်း (၈) နှစ်ပြည့်တော့မယ့်အချိန်မှာ မောင်ဖြစ်သူဂျွန်ဂိုဆီက အိပ်မက်တွေရကြောင်းပြောပြလာတဲ့ မြသင်းချယ်

ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေကြားလူသိများကျော်ကြတဲ့ မင်းသား ဂျွန်ဂိုကတော့ အောင်မြင်နေဆဲ၊ ဇာတ်ကားတွေတောက်လျှောက်ရိုက်ကူးနေဆဲအချိန်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဂျွန်ဂိုရဲ့အစ်မဖြစ်သူ သရုပ်ဆောင်မြသင်းချယ်ကတော့ မောင်ဖြစ်သူအတွက် ရည်စူးကုသိုလ်တွေကို အမြဲတမ်းမပျက်မကွယ်လုပ်ပေးနေလျက်ရှိပြီး ဒီကနေ့မှာလည်း မောင်ဖြစ်သူဂျွန်ဂိုဆီက အိပ်မက်တွေရရှိခဲ့တဲ့အကြောင်းး အခုလိုပဲပြောလာပါတယ်။မြသင်းချယ်က “ညကသူ့ကိုအိမ်မက်ထဲမှာတွေ့တယ် မောင်နှမနှစ်ယောက် စကားတွေများကြီးပြောလိုက်ရတယ်။

သူထွက်သွားတာ (8)ပြည့်တော့မှာမို့ သတိပေးတာများလားကွယ်.. မေ့မထားပါဘူးမောင်လေးရယ်.. မောင်လေး သိပ်ပျော်ခဲ့တဲ့ မောင်လေးနဲ့အဆက်ရှိတဲ့နေရာလေး တချိန်ကြရင်သားကအဲ့ဒိမှာဘုန်းကြီးဝတ်မှာ လို့ပြောခဲ့တဲ့နေရာလေး ကို မမကြီးမကြာမကြာသွားမှာမောင်လေးအတွက်အလှူတွေလဲလုပ်ပေးမှာနော်။ ချစ်တယ်မောင်လေးရေ လွမ်းတယ်” ဆိုပြီး သတိရကြောင်းပြောလာပါတယ်။ဂျွန်ဂိုဟာ (၂၀၁၄) ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် (၅) နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့ဆိုရင် ကွယ်လွန်ခြင်း (၈) နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

ဂျွန်ဂိုကတော့ လူ့လောကကြီးထဲမှာ မရှိတော့တာကြာခဲ့ပြီဆိုပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အောက်မေ့သတိရနေဆဲပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published.