မြန်မာဆယ်လီ

ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ ရှမ်းတိုင်းရင်းသား အဆိုတော် ထျန်ခေး

ပရိသတ်ကြီးရေ ရှမ်းတိုင်းရင်းသား အဆိုတော် ထျန်ခေးကတော့ ချစ်လွန်းလို့ပါ သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ရပြီး လူသိများအောင်မြင်လာတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အဆိုတော် ထျန်ခေးက အာဏာသိမ်းမှုကိုလက်မခံဘဲ ပြည်သူနဲ့အတူ အမှန်တရားဘက်က တော်လှန်ခဲ့လို့ ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ထျန်ခေးကခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်တာလည်းဖြစ်ပါတယ်။ထျန်ခေးကကျန်တော်လည်း ကျန်တော်ကိုချစ်တဲ့သူ သတိရတဲ့သူ အားလုံးကို သတိရပါတယ်တချိူ့လည်း ခံဝန်ထိုးပြီး အိမ်ပြန်ဖို့တိုက်တွန်းတယ်တချိူ့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ်ဘာအမှားမှမလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူးနိုင်ငံရပ်ခြားကို သွားရောက်ခိုလုံအကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မ ရှိပါဘူးဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာကျန်တော်မြေ ဒီလူမျိူးစုဟာကျန်တော့် ရဲ့လူမျိူးစု ဖြစ်တဲ့အတွက် ကျန်တော် လုပ်သင့်လုပ်ထိုက်တာကောင်းတဲ့အရာတွေကို ‌လုပ်သွားမှာပါ။

ဒီနေ့ဒီအချိန်အထိ ‌ကောင်းတာ လုပ်ခဲ့တာမို့ ဘာအခက်အခဲမှလည်းမရှိဘူး၅၀၅ နဲ့ဖမ်းမိန့်ထွက်တာတောင် ရောက်တဲ့နေရာတိုင်းမှာလည်း ကူညီဖေးမသူတွေ အသင့်ရှိနေခဲ့တယ် ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူးနောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိူး ဘာသာ အတွက် ရပ်တည်ဖို့ဆုံးဖြတ်ချက်ချထားပါတယ်။

မြို့ပြပေါ် ပြန်မနေ ‌ရချင်နေပါဒီတောတောင် သဘာဝတွေနဲ့ကျန်တော်အတွက် အဆင်ပြေပါတယ်​။ တခါတလေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာအလုပ် နယ်ပယ်က လုပ်‌ဖော်ကိုင်ဖက်တွေလွမ်းမိတဲ့ စိတ်လေးတော့ရှိတာပေါ့ဗျစိတ်ပူစရာမရှိပါဘူးအစစအရာရာ အဆင်ပြေပါတယ်ဗျာဆိုပြီး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.