မြန်မာဆယ်လီ

(၇) နှစ်လုံး အမြတ်တနိုးထားခဲ့တဲ့ ဆံပင်ရှည်ကြီးကိုဖြတ်တောက်ပြီး ပုံစံအသစ်ပြောင်းလဲခဲ့တဲ့ နေလင်းကျော်

Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲက အဆိုတော် နေလင်းကျော်ကတော့ သီချင်းဆိုကောင်းရုံသာမက ရုပ်ရည်ကလည်းချောမောတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။
နေလင်းကျော်ဟာ Winner ဆုကြီးနဲ့လည်း လွဲချော်ခဲ့သလို သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့်လည်း ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ နေလင်းကျော်ဟာ အရင်အတိုင်းအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေလျက်ရှိပြီပဲဖြစ်ပါတယ်။နေလင်းကျော်ဟာ သူ့ရဲ့ဆံပင်ရှည်တွေကြောင့်လည်း လူသိများခဲ့သူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာတော့ သူ့ရဲ့ ဆံပင်ရှည်ကြီးကို ဖြတ်တောက်ခဲ့ပါပြီ။

နေလင်းကျော်က “၇ နှစ်နီးပါးထားခဲ့ပြီးပြီ ကေတိုလေးနဲ့ဖြုတ်ပြီ🤟” ဆိုပြီး သူ(၇) နှစ်လုံး အမြတ်တနိုးထားခဲ့တဲ့ ဆံပင်တွေကို ဖြတ်တောက်ပြီး ဆံပင်တိုနဲ့ ပုံစံသစ်ပြောင်းလဲခဲ့ပြီဖြစ်တဲ့အကြောင်းပြောလာပါတယ်။နေလင်းကျော်ကတော့ ဆံပင်အရှည်နဲ့လည်း စတိုင်လ်ကျသလို အခုလို ဆံပင်အတိုနဲ့လည်း နောက်လူတစ်ယောက်ပြောင်းလဲသွားသလို ကြည့်ကောင်းနေဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော နေလင်းကျော်တစ်ယောက် ဆံပင်တိုလေးနဲ့ ကြည့်ကောင်းရဲ့လားဆိုတာ မှတ်ချက်ချပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published.