မြန်မာဆယ်လီ

မျိုးဆက်သစ် မိဘမဲ့ဂေဟာကို ကျပ်သိန်း (၁၀၀) သွားရောက် လှူဒါန်းခဲ့တဲ့ စိန်ဖြိုးလှိုင်တို့ ဇနီးမောင်နှံ

မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် နှစ်တွေအကြာကြီး သစ္စာရှိရှိလက်တွဲနေကြတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အနုပညာလှုပ်ရှားမှုတွေ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ကြိုးကြိုးစားစား လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူတို့အတွဲလေးရဲ့ ဖြတ်သန်းနေထိုင်တဲ့ ပုံစံလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မောင်တို့အတွဲလေးက ပရိသတ်တွေ ဗဟုသုတရစေရန် Vlog လေးတွေ ရိုက်ကူးပြီးလည်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှပေးတတ်ပါတယ်။ လတ်တလောမှာတော့ မျိုးဆက်သစ် မိဘမဲ့ဂေဟာကို ကျပ်သိန်း (၁၀၀) သွားရောက် လှူဒါန်းဖြစ်ခဲ့ကြောင်းကို ”

မျိုးဆက်သစ် မိဘမဲ့ဂေဟာကို (သိန်း၁၀၀) သွားရောက်လှူဒါန်းခဲ့ပါတယ်…သူတို့လေးတွေဘဝအတွက် စိတ်မကောင်းဖြစ်မိပေမယ့် လက်ရှိချိန်ခါမှာတော့ ပျော်ပျော်ရွှင်ရွှင် နဲ့ လိုအပ်တာတွေစောက်ရှောက်ပေးထားတာမြင်ရတော့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်…” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

MyanmCelebrit

Leave a Reply

Your email address will not be published.