မြန်မာဆယ်လီ

ပရိသတ်တွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တဲ့ ရေမွှေးတွေကို အခြားသော အလှကုန်ကုမ္ပဏီဆီ လက်လွှဲရောင်းချလိုက်တဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင် အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်ကတော့ နှစ်ပေါင်း (၂၀) ကျော်တိုင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ပရိသတ်အားပေးမှုကို ခံယူနိုင်ခဲ့သူဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ပရိသတ်ကိုလေးစားသူတစ်ယောက်ပီပီ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေဘက်ကရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာကတည်းက ပရိသတ်တွေရှေ့မှောက် ပေါ်ထွက်လာခဲ့ခြင်းမရှိတဲ့ အိန္ဒြာကျော်ဇင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ဝန်ထမ်းတွေကတဆင့် သူမရောင်းချဖို့စီစဉ်ခဲ့တဲ့ ရေမွှေးလေးအကြောင်းကို အခုလိုပဲ အသိပေးလာပါတယ်။“အားလုံးပဲ မင်္ဂလာပါ 🤍 Eaindra Kyaw Zin Merchandise Team အနေနဲ့ ဒီနေ့မှာ သတင်းလေးတစ်ခုပြောပြချင်ပါတယ်။

အစ်မ Eaindra Kyaw Zin ဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာ အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်နော် ဒါပေမယ့် အခုအချိန်မှာတော့ အစ်မဟာ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ ပြီးတော့ ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diary Co.Ltd ကို လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ပါတယ်။ Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက် အမှတ်တရရေမွှေးပုလင်းလေးတွေကို ဖြန့်ချီပေးသွားမှာပါ။ Beauty Diary က ဖြန့်ချီတဲ့ အချိန်ကျရင်တော့ အစ်မကိုယ်တိုင် အပင်ပန်းခံကြိုးစားခဲ့တဲ့ ရေမွှေးလေးတွေကို အားပေးအကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေးပါးလိုက်ပါတယ်ခင်ဗျာ။ ပရိသတ်တွေ အားလုံးကိုသတိရကြောင်း၊ ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း အစ်မက စကားလက်ဆောင်လေးပါးခိုင်းလိုက်ပါတယ်။”

ဆိုပြီး Eaindra Kyaw Zin Merchandise Team က ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒြာကျော်ဇင်ဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုရော သူမရဲ့အခြားသောအလုပ်တွေကိုပါ ရပ်နားထားခဲ့ပြီး အခုတစ်ခါမှာလည်း လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကြေငြာခဲ့တဲ့ သူမရဲ့ Eaindra Kyaw Zin ရေမွှေးကိုလည်း အခြားအလှကုန်ကုမ္ပဏီကို လက်လွှဲရောင်းချခဲ့ပြီဖြစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.