မြန်မာဆယ်လီ

လေဖြတ်နေတဲ့ဖခင်အတွက် ဆေးဖိုးကို သွေးသားရင်းအစ်မဖြစ်သူက ခိုးယူသွားခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဖူးပွင့်ခိုင်

ဆက်စီမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဖူးပွင့်ခိုင်ကတော့ အမျိုးသားထုကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူသိမ်းဆည်းထားနိုင်တဲ့ အလှပဂေးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖူးပွင့်ခိုင်ဟာ ဆက်စီမော်ဒယ်လ်တစ်ယောက်ဖြစ်ပေမယ့် ရိုးရိုးသားသားနည်းလမ်းနဲ့ပဲ မိသားစုကို ရှာဖွေကျွေးနေတဲ့ သမီးတစ်ယောက်ပဲဖြစ်ပါတယ်။


ဒါပေမယ့် ဒီကနေ့မှာတော့ ဖူးပွင့်ခိုင်က သူမရဲ့အစ်မရင်းဖြစ်သူက ဖခင်ဖြစ်သူဆီပို့မယ့်ငွေတွေကို ခိုးယူသွားခဲ့တဲ့အကြောင်း ပြောလာပါတယ်။ဖူးပွင့်ခိုင်က “ဘယ်လိုတွေတောင်လုပ်ရက်လိုက်တာလဲ မမရယ်.. ညီမ အချင်းချင်း သွေးသားအချင်းချင်းတောင် ညီမဖြစ်သူစုထားတဲ့ငွေလေးတွေ 36သိန်းကိုခိုးယူရက်တာ ..

လုပ်ရက်လိုက်တာမရယ် လေဖြတ်နေတဲ့ အဖေကိုဒီလ ငွေမပို့နိင်တော့ဘူးပေါ့ 😭😭😭 တစ်သက်လုံး မိသားစုဝန်ကို သမီးပဲထမ်းပေးခဲ့တာပါ 😭😭” ဆိုပြီး ရင်ဖွင့်ခဲ့သလို သူမရဲ့ခံစားချက်တွေကိုလည်း Live လွှင့်ပြီး အခုလိုပဲပြောပြလာပါတယ်။ဖူးပွင့်ခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့အဖေ့အတွက် ဆေးဖိုးဝါးခငွေ (၃၆) သိန်းကို အစ်မဖြစ်သူက ခိုးယူသွားခဲ့တာကြောင့် တော်တော်လေးသောကဖြစ်နေရတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.