မြန်မာဆယ်လီ

ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့ မိခင်အတွက် နေ့ရောညပါပြုစုရင်း အနီးကပ်စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ မေခလာ

ပရိသတ်တွေက ချစ်ငယ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် မေခလာကတော့ ဂီတလောကမှာ နှစ်အတော်ကြာတိုင် အောင်မြင်မှုသရဖူဆောင်းထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ မေခလာဟာ လတ်တလောမှာတော့ မိသားစုတွေအတွက် အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေခလာက ဆေးရုံတက်နေတဲ့ သူမရဲ့မိခင်ကို ဂရုစိုက်စောင့်ရှောက်နေရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။မေခလာက “မေမေကြီး အာယုဆေးရုံမှာဆေးကုသနေတာ ၁၆ ရက်ရှိပါပြီ။

အခု တော်တော်ကျန်းမာလာပါပြီ 🙏🙏🙏 ရတနာသုံးပါးဂုဏ်တော် ဆေးကုသပေးနေတဲ့ ဆရာဝန်ကြီးများရဲ့ကျေးဇူးကြောင့် ပါ။ နေ့စဉ် အမေ့အတွက် သစ္စာပြု ဆုတောင်းလျက်ပါ🙏🙏🙏 မိဘမေတ္တာ ဘာနဲ့မှ့နှိုင်းမရ ပါဘူး။

❤️🙏❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။မေခလာကတော့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့ မိခင်အတွက် နေ့ရောညပါပြုစုရင်း စောင့်ရှောက်ပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ မေခလာရဲ့မေမေလည်း အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebrit

Leave a Reply

Your email address will not be published.