Cele News မြန်မာဆယ်လီ

သရုပ်ဆောင်ကောင်းသော်လည်း အကယ်ဒမီဆုနဲ့အကြိမ်ကြိမ်လွဲချော်ပြီး ပရိသတ်ပေးတဲ့ မေတ္တာအကယ်ဒမီကိုတော့ အကြိမ်ကြိမ်အလီလီရရှိခဲ့တဲ့ မမင်းသမီးကြီးခင်လေးဆွေ

သရုပ်ဆောင်ကောင်းသော်လည်း အကယ်ဒမီဆုနဲ့အက​ြိ်မ်က​ြိမ်လွဲချော်ပြီး ပရိသတ်ပေးတဲ့ မေတ္တာအကယ်ဒမီကိုတော့ အကြိမ်ကြိမ်အလီလီရရှိခဲ့တဲ့ မင်းသမီးက​ြီးခင်လေးဆွေ

ရှေးရှေး မြန်မာ့ရုပ်ရှင်ကနဦး အသံတိတ်ခေတ် ရုပ်ရှင်ဇာတ်ကားများမှသည် သံစုံသွင်း ၊ အသံထွက် ၊ အဖြူအမည်း ၊ ဆေးရောင်စုံ ၊ ဒစ်ဂျစ်တယ် ခေတ်ထိ ဖြတ်သန်းလာခဲ့တဲ့ လက်ချိုးရေလို့ရမယ့် သရုပ်ဆောင် အနုပညာရှင်များအနက်မှာ ဒေါ်ခင်လေးဆွေလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဆွေဗမာဖလင် က ထုတ်လုပ်ခဲ့တဲ့ ‘မာန်စွယ်’ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားကြီး ‘တင်ညွန့်’ နဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် တွဲဖက်သရုပ်ဆောင်ပြီး ရုပ်ရှင်လောကကို စတင်ခြေချခဲ့ပါတယ် ။ ထိုင်းနိုင်ငံမှ ရုပ်ရှင်ပညာရှင်များ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးခဲ့တဲ့ ‘ချစ်မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါ၀င်ခဲ့ပါတယ် ။

ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖလင်သားတွေများစွာ မီးလောင်ပျက်စီးခဲ့ရာမှာ ကျန်ကောင်းကျန်ရာ ဂန္တဝင်လို့ ခေါ်တွင်ရမယ့် မြန်မာ့ရုပ်ရှင်ကားဟောင်းများကို ကြည့်ဖူးကြသူတိုင်း ဒေါ်ခင်လေးဆွေကို သတိထားမိ နှစ်သက်သဘောကျမိကြမှာ အမှန်ပါပဲ ။ ‘မှုံရွှေရည်’ ၊ ‘တိမ်လွှာမို့မို့လွင်’ ၊ ‘တကျော့နှစ်ကျော့တေးကိုသီ’ ၊ ‘မုန်းပါတယ်မောင့်ကို’ အစရှိတဲ့ မင်းသားကြီးဝင်းဦးရဲ့ ရုပ်ရှင်ကားကောင်းများစွာ ၊ ‘မမုန်းလေနဲ့ ငပလီ’ ၊ ‘နွေး’ ၊ ‘ကညာပျိုနဲ့ ဇရာအို’ စတဲ့ ဂန္ထ၀င် ရုပ်ရှင်များမှာ အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဒေါ်ခင်လေးဆွေ ဟာ သဘာဝကျကျနဲ့ သဏ္ဍာန်လုပ်နိုင်စွမ်းရှိတဲ့ ဇာတ်ပို့ကောင်းတဦးဆိုလဲ မမှားပါဘူး။

ဒေါ်ခင်လေးဆွေရဲ့ သဘာဝကျတဲ့ ဟာသသရုပ်ကို ‘ကညာပျို နဲ့ ဇရာအို’ ရုပ်ရှင်မှာကောင်းကောင်းမြင်တွေ့နိုင်သလို ဒရာမာပီပီချိုးလို့ အပီအပြင်သရုပ်ဆောင်ပြရတဲ့ ဇာတ်ကောင်စရိုက်ကိုလည်း တကျော့နှစ်ကျော့တေးကိုသီ ရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါတယ် ။ ‘နွေး’ ရုပ်ရှင်မှာလည်း ဗီလိန် ဇာတ်ရုပ်နဲ့ မင်းသမီး ကြည်ကြည်ဌေး ကိုပါးရိုက် နှိပ်စက်ရတဲ့ အခန်းတွေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ မင်းသမီးကြီးဟာ အဖြူအမည်းခေတ်မှသည် ဆေးရောင်စုံ ဗီဒီယို ဒီဗီဒီ ခေတ်အထိ ကျရာဇာတ်ရုပ်ကို သဘာဝကျကျ နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ သက်တော်ရှည် သရုပ်ဆောင်ကြီးဖြစ်တဲ့ ဒေါ်ခင်လေးဆွေဟာရုပ်ရှင်ကားပေါင်း မြောက်များစွာ ရိုက်ကူးခဲ့ပေမယ့် အကယ်ဒမီရွှေစင်ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ အမျိုးသမီးဇာတ်ပို့ဆုလို့ အကြီးအကျယ်နာမည်ထွက်ပြီး အကယ်ဒမီဆုနဲ့ လွဲခဲ့ရတဲ့ ရုပ်ရှင်ကတော့ ၁၉၆၈ ခုနှစ်က ရုံတင်ခဲ့ပြီး နာမည်ကျော် မင်းသားကြီး ၀င်းဦး ၊ မင်းသမီးကြီး မြင့်မြင့်ခင်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ တိမ်လွှာမို့မို့လွင် ရုပ်ရှင်ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်းအကောင်းဆုံးဆိုပြီး အဖွဲ့အစည်းတခုကသတ်မှတ်ပေးအပ်တဲ့ ဆုတစ်ခု စံတစ်ရပ်နဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်ပေးတဲ့ မေတ္တာအကယ်ဒမီကိုတော့ အကြိမ်ကြိမ်အလီလီရရှိခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အမေများအဖွဲ့ မှာပါဝင်ပြီးတတ်စွမ်းသရွေ့ အနုပညာတာဝန်များကို အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိပါတယ်။

[Unicode]

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ဟာ မြန်မာ့ရုပ်ရှင် ဝါရင့်ဇာတ်ပို့မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ အသက် ၈၈ နှစ်ပြည့်မြောက်တဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါတယ်။

ရှေးရှေး မြန်မာ့ရုပ်ရှင်ကနဦး အသံတိတ်ခေတ် ရုပ်ရှင်ဇာတ်ကားများမှသည် သံစုံသွင်း ၊ အသံထွက် ၊ အဖြူအမည်း ၊ ဆေးရောင်စုံ ၊ ဒစ်ဂျစ်တယ် ခေတ်ထိ ဖြတ်သန်းလာခဲ့တဲ့ လက်ချိုးရေလို့ရမယ့် သရုပ်ဆောင် အနုပညာရှင်များအနက်မှာ ဒေါ်ခင်လေးဆွေလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဆွေဗမာဖလင် က ထုတ်လုပ်ခဲ့တဲ့ ‘မာန်စွယ်’ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားကြီး ‘တင်ညွန့်’ နဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် တွဲဖက်သရုပ်ဆောင်ပြီး ရုပ်ရှင်လောကကို စတင်ခြေချခဲ့ပါတယ် ။ ထိုင်းနိုင်ငံမှ ရုပ်ရှင်ပညာရှင်များ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးခဲ့တဲ့ ‘ချစ်မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါ၀င်ခဲ့ပါတယ် ။

ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖလင်သားတွေများစွာ မီးလောင်ပျက်စီးခဲ့ရာမှာ ကျန်ကောင်းကျန်ရာ ဂန္တဝင်လို့် ခေါ်တွင်ရမယ့် မြန်မာ့ရုပ်ရှင်ကားဟောင်းများကို ကြည့်ဖူးကြသူတိုင်း ဒေါ်ခင်လေးဆွေကို သတိထားမိ နှစ်သက်သဘောကျမိကြမှာ အမှန်ပါပဲ ။ ‘မှုံရွှေရည်’ ၊ ‘တိမ်လွှာမို့မို့လွင်’ ၊ ‘တကျော့နှစ်ကျော့တေးကိုသီ’ ၊ ‘မုန်းပါတယ်မောင့်ကို’ အစရှိတဲ့ မင်းသားကြီးဝင်းဦးရဲ့ ရုပ်ရှင်ကားကောင်းများစွာ ၊ ‘မမုန်းလေနဲ့ ငပလီ’ ၊ ‘နွေး’ ၊ ‘ကညာပျိုနဲ့ ဇရာအို’ စတဲ့ ဂန္ထဝင် ရုပ်ရှင်များမှာ အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဒေါ်ခင်လေးဆွေ ဟာ သဘာဝကျကျနဲ့ သဏ္ဍာန်လုပ်နိုင်စွမ်းရှိတဲ့ ဇာတ်ပို့ကောင်းတဦးဆိုလဲ မမှားပါဘူး။

ဒေါ်ခင်လေးဆွေရဲ့ သဘာဝကျတဲ့ ဟာသသရုပ်ကို ‘ကညာပျို နဲ့ ဇရာအို’ ရုပ်ရှင်မှာကောင်းကောင်းမြင်တွေ့နိုင်သလို ဒရာမာပီပီချိုးလို့ အပီအပြင်သရုပ်ဆောင်ပြရတဲ့ ဇာတ်ကောင်စရိုက်ကိုလည်း တကျော့နှစ်ကျော့တေးကိုသီ ရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါတယ် ။ ‘နွေး’ ရုပ်ရှင်မှာလည်း ဗီလိန် ဇာတ်ရုပ်နဲ့ မင်းသမီး ကြည်ကြည်ဌေး ကိုပါးရိုက် နှိပ်စက်ရတဲ့ အခန်းတွေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ မင်းသမီးကြီးဟာ အဖြူအမည်းခေတ်မှသည် ဆေးရောင်စုံ ဗီဒီယို ဒီဗီဒီ ခေတ်အထိ ကျရာဇာတ်ရုပ်ကို သဘာဝကျကျ နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ သက်တော်ရှည် သရုပ်ဆောင်ကြီးဖြစ်တဲ့ ဒေါ်ခင်လေးဆွေဟာရုပ်ရှင်ကားပေါင်း မြောက်များစွာ ရိုက်ကူးခဲ့ပေမယ့် အကယ်ဒမီရွှေစင်ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ အမျိုးသမီးဇာတ်ပို့ဆုလို့ အကြီးအကျယ်နာမည်ထွက်ပြီး အကယ်ဒမီဆုနဲ့ လွဲခဲ့ရတဲ့ ရုပ်ရှင်ကတော့ ၁၉၆၈ ခုနှစ်က ရုံတင်ခဲ့ပြီး နာမည်ကျော် မင်းသားကြီး ၀င်းဦး ၊ မင်းသမီးကြီး မြင့်မြင့်ခင်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ တိမ်လွှာမို့မို့လွင် ရုပ်ရှင်ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်းအကောင်းဆုံးဆိုပြီး အဖွဲ့အစည်းတခုကသတ်မှတ်ပေးအပ်တဲ့ ဆုတစ်ခု စံတစ်ရပ်နဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်ပေးတဲ့ မေတ္တာအကယ်ဒမီကိုတော့ အကြိမ်ကြိမ်အလီလီရရှိခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အမေများအဖွဲ့ မှာပါဝင်ပြီးတတ်စွမ်းသရွေ့ အနုပညာတာဝန်များကို အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published.