Cele News မြန်မာဆယ်လီ
“မေမေကပစ်သွားတယ်မဟုတ်ရင်တောင်ထားခဲ့တာသေချာပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်လာတဲ့ သမီးလေးစစ်လွန်းဝတီထက်
“မေမေကပစ်သွားတယ်မဟုတ်ရင်တောင်ထားခဲ့တာသေချာပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်လာတဲ့ သမီးလေးစစ်လွန်းဝတီထက်
စစ်လွန်းဝတီထက်ကတော့ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးနဲ့ သရုပ်ဆောင်၊ အဆိုတော် စိုင်းလွှမ်းတို့ရဲ့ သမီးပဲဖြစ်ပါတယ်။ မိဘနှစ်ပါးကွာရှင်းပြတ်ဆဲပြီးချိန်မှာတော့ စစ်လွန်းဝတီထက်ဟာ သူမရဲ့ ဖခင် စိုင်းလွှမ်းနဲ့အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်။ သူမတို့မိသားစုအတွင်းရေးကိုမသိကြတဲ့ ပရိသတ်တွေကတော့ စစ်လွန်းလေးကို မေမေ့ကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်လွန်းလေးက သူမတို့မိသားစုအခြေအနေကို အမှန်အတိုင်းဖွင့်ဟလာခဲ့ပါတယ်။
စစ်လွန်းဝတီထက်က မေမေ့ကိုစိတ်မဆိုးပဲ ပြန်ခေါ်ဖို့ပြောတဲ့ ပရိသတ်ကို “သမီးတို့က ခုချိန်မှမဟုတ်ဘူး မေမေ့ကို ပါပါးနဲ့သမီး သွားခေါ်တုန်းက မေမေမောင်းထုတ်ခဲ့ကတည်းက နားလည်လို့ မေမေစိတ်ချမ်းသာရင်သမီးကုသိုလ်ရတယ်လို့ ပါပါးကလည်းပြောလို့ မေမေဘာလုပ်လုပ် သိသိနဲ့ ဘယ်သူ့မှ ဘာမှမပြောတာပါရှင်။ သမီးမေမေ့ကို ညတိုင်းရှိခိုးကျန်မာစေဖို့ မေတ္တာပို့ပြီးမှ အိပ်ခဲ့တာ မေမေ ပစ်သွားကတည်းကပါ ရှင် 🙏🙏🙏 ဟုတ်ကဲ့ရှင့်သမီးလည်းအားလုံးကိုချစ်ပါတယ်ရှင်အခုသမီးကိုင်တဲ့ဖုန်း အခုသမီးနေတဲ့အိမ် သမီးတက်နေတဲ့ကျောင်းမေမေအကုန်သိပါတယ်ရှင်။”
“ခုလူတွေတခြားနေရာတွေမှာရေးနေကြသလိုဘယ်သူကမှလည်းမတွေ့ရအောင်တားထားတာမျိုးမရှိသလို သမီးတို့ဖိုးဖိုးဖွားဖွား ပါပါးနဲ့ဦးလေးတွေက မိဘကျေးဇူးကိုအလေးနက်ဦးထိပ်ထားကြတဲ့မိသားစုပါရှင်။ ပစ်သွားတယ်မဟုတ်ရင်တောင်ထားခဲ့တာသေချာပါတယ်။ သမီးလိုက်ရှာဆက်သွယ်ခဲ့ပေမဲ့ ရှောင်နေခဲ့ပြီး ခုထိလည်းမေမေ ဘယ်လိုမှမဆက်သွယ်လာတာ ဒါပေမဲ့ မေမေမွေးကျေးဇူးကိုအမြဲတန်ဖိုးထားရှိခိုးကန်တော့တိုင်းကျန်မာဖို့မေတ္တာပို့ဆုတောင်းပေးနေပါတယ် ကြာလာတော့ဘာမှ မခံစားရတော့ပါဘူးရှင် သမီးတို့ရဲ့အတိတ်ကကံကြောင့်ပါပဲရှင် 🙏🙏🙏သမီးခံစားချက်အမှန်တွေဒီလိုပြောပြမှလည်းရေးခွင့်ရတာပါ အမှန်တရားကိုသိပြီးနားလည်ပေးရင်ပဲကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏” ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။
စစ်လွန်းဝတီထက်ကတော့ ငယ်စဉ်ကလေးအရွယ်ကတည်းက မိခင်နဲ့ခွဲခွာပြီးနေခဲ့ရသလို အခုသူမပြောပြချက်အရ ထက်ထက်မိုးဦးဟာလည်း သူမတို့ကိုထားရစ်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိလည်း ဆက်သွယ်လာတာမျိုးမရှိဘူးလို့ စိတ်မကောင်းစွာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
Zawgyi Vision
Leave a Reply
Your email address will not be published.