မြန်မာဆယ်လီ

ဗီလိန်ဇာတ်ရုပ်တွေပဲ ရိုက်တာများတာကြောင့် ပရိသတ်မုန်းမှာလဲ ကြောက်တဲ့ သရုပ်ဆောင် ဒေါ်မေမိုး

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမူ့တွေ နည်းပါးသွားခဲ့ပြီး အချို့အနုပညာရှင်တွေဟာ ဖန်သားပြင်ပေါ်ကနေ ခဏတာပျောက်ကွယ်နေခဲ့ကြပါတယ်။ ဒါအပြင် ဝင်ငွေနည်းပါးတဲ့ ဇာတ်ပို့ဇာတ်ရန် အနုပညာရှင် အချို့ ဟာ စားဝတ်နေ‌ရေးတွေ ခက်နေကြပါတယ်။
ဒါကြောင့် ရုပ်ရှင်အစည်းအရုံး ငွေကြေးထောက်ပံ့မူ့တွေ ပြုလုပ်ခဲ့ပါတယ်။ငွေကြေးထောက်ပံ့မူ့ကို လာရောက်ထုတ်ယူတဲ့ အနုပညာရှင်တွေထဲမှာ ဖန်သားပြင်ပေါ်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ ဗီလိန်သရုပ်ဆောင် ဒေါ်မေမိုး တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေမှသည် ခေတ်ပေါ်ရုပ်ရှင်ဇာတ်ကားတွေထိ ဗီလိန်ကာရိုက်တာတစ်ခုကိုပဲ စွဲစွဲမြဲမြဲသရုပ်ဆောင်ခဲ့သူ ဝါရင့်သရုပ်ဆောင် ဒေါ်မေမိုး ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။
လက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေ နည်းပါးသွားတာကြောင့် ဝင်ငွေမရှိ‌တော့တဲ့ သူမအတွက် ဒီထောက်ပံ့ငွေဟာ အရမ်းကိုတန်ဖိုးရှိပါတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။ဒေါ်မေမိုး ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၃၀နီးပါးရှိပြီဖြစ်ပြီး အနုပညာလောကကို ဗီလိန်ဇာတ်ရုပ်နဲ့ပဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်အမုန်းခံရမယ်ဆိုတာ သိပေမယ့်လဲ ဗီလိန်ဇာတ်ရုပ်ကို ရိုက်ကူးရတာ ဝါသနာပါတာကြောင့်လဲ အနုပညာသက်တမ်းတစ်လျှောက်မှာ စွဲစွဲမြဲမြဲသရုပ်ဆောင်ခဲ့တာပါ။
ဒါအပြင် သူမဟာ စုန်း၊ကဝေကာရိုက်တာတွေကိုလဲ သရုပ်ဆောင်ရတာ ကြိုက်နှစ်သက်သေးပါတယ်။သရုပ်ဆောင် ဒေါ်မေမိုး ဟာ ဇာတ်ကားတွေထဲမှာ မျက်နှာကိုတွန့်လိမ်ပြီး ကာရိုက်တာကို ပီပြင်အောင် အပေါက်ဆိုးဆိုး နဲ့ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ သဘောကောင်းပြီး ချစ်ဖို့ကောင်းပါတာကြောင့် ပရိသတ်တွေက လမ်းမှာတွေ့ရင်အမြဲတမ်း နှုတ်ဆက်လေ့ရှိပါတယ်တဲ့။ပရိသတ်တွေကို ဗီလိန်ဇာတ်ရုပ်တွေ အရိုက်များတာကြောင့် မမုန်းကြပါနဲ့လို့ တောင်းဆိုထားပါတယ်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published.