မြန်မာဆယ်လီ

တချိန်က ညီငယ်လွင်မိုးရဲ့ ဇာတ်ကားတွေမှာ ဇာတ်ပို့ပေးခဲ့တဲ့ ဦးဝင်းနိုင်ကို သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ ဒါရိုက်တာမောင်သီ

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ လွင်မိုးနဲ့ ဒါရိုက်တာမောင်သီတို့ကတော့ ပရိသတ်ကြီး သိပြီးသားအတိုင်း ညီအစ်ကိုအရင်းတွေပဲဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက် ဇာတ်ကားတွေအတူတူတွဲဖက် ရိုက်ကူးခဲ့ကြသလို ဇာတ်ပို့သရုပ်ဆောင်တွေနဲ့လည်း ညီအစ်ကိုလို သူငယ်ချင်းလို အလုပ်တွေအတူတူတွဲဖက်လုပ်ကိုင်ခဲ့တဲ့ လွင်မိုးနဲ့ မောင်သီတို့ဟာ ဒီနေ့အချိန်ထိလည်း အနုပညာညီအစ်ကိုတွေနဲ့ ခင်မင်ရင်းနှီးနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဒါရိုက်တာမောင်သီက ဦးဝင်းနိုင်ရှိရာ အနုပညာဆည်းဆာရိပ်ကို သွားရောက်လည်ပတ်ခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။ဒါရိုက်တာမောင်သီက “နှစ်(၂၀)ကျော် လက်တွဲ အလုပ်လုပ်ခဲ့သူ..မောင်သီ လွင်မိုး ဇာတ်ကားတွေဆို မပါ မဖြစ် .. ကိုသီ ရေ ကျတော်လွတ်ပြီနော် ..ကိုသီသွားရာနောက် တောက်လျှောက်လိုက်တော့မှာ လို့ပြောပြီးကတည်းက လေဖြတ်သွားရှာတယ် ။
အခုတော့ အနုပညာ ဆည်းဆာရိပ် မှာ နေနေလေရဲ့ .. ဦးဝင်းနိုင် အရဟံ သိဒ္ဓိ ကျန်းမာ ချမ်းသာပါစေ ” ဆိုပြီး အမှတ်တရဓာတ်ပုံလေး မျှဝေပေးလာပါတယ်။ဦးဝင်းနိုင် ကတော့ လက်ရှိကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။. ဦးဝင်းနိုင်တစ်ယောက် နေကောင်းကျန်းမာပြီး အရင်လို အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ပါစေနော်။
MyanmCelebritΜ

Leave a Reply

Your email address will not be published.