မြန်မာဆယ်လီ

ခင်ပွန်းသည်မရှိတော့တဲ့အတွက် အားကိုးရာမဲ့ပင်ပန်းပေမယ့် ကလေးတွေအတွက် ကိုယ့်စိတ်ကိုကိုယ် လိမ်ထားရတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံသလို သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကို သတိရတဲ့စိတ်နဲ့ရှင်သန်ရင်း တစ်ဖက်မှာလည်း သားနဲ့သမီးအတွက် အကောင်းဆုံးကြိုးစားရပ်တည်နေတာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း နန်းမြတ်ဖြိုးသင်းက သူမရဲ့ခင်ပွန်းနဲ့အတူတူရှိခဲ့ဖူးတဲ့ အမှတ်တရဓာတ်ပုံတွေကိုတင်ရင်း “နက်ဖြန်ဆိုတနှစ်ပြည့်ပီလေ။ အမှန်အတိုင်းပြောရရင် မရှိတော့ဘူးဆိုတာကြီးကိုမေ့ထားတာ။ သူရှိနေသလိုလေးဖြတ်သန်းဖြစ်တယ်။

စိတ်ကိုမအားအောင်နေတယ်။ ဘဝမှာရုတ်တရက်အားကိုးမဲ့သွားသလိုခံစားချက်ကပင်ပန်းပါတယ်။ ကလေးနှစ်ယောက်အတွက်အကောင်းဆုံးရပ်တည်ရမယ်ဆိုတဲ့စိတ်ကြောင့်သာတည့်မတ်နိုင်တာ။ တခါတလေတော့လဲကိုယ့်ကိုကိုယ်လိမ်ထားရတာကောင်းတယ်။ အားလုံးလဲအပူကိုယ်စီနဲ့မို့အထွေအထူးတွေပြောပြမနေချင်တော့ပါဘူး။ ဒီရက်လေးတွေကတော့ပိုလွမ်းရတာမို့တင်လိုက်တာပါ။ အားလုံးပဲချစ်တဲ့သူနဲ့အတူရှိချိန်ပျော်ရွှင်ကြပါစေ” ဆိုပြီး သူမရဲ့ အလွမ်းတွေကို ဝေမျှလာပါတယ်။နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်း ကိုတာတာမျိုးဟာ ဒီကနေ့ သြဂုတ်လ (၂၁) ရက်နေ့မှာ ဆုံးပါးသွားခဲ့တာ တစ်နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းတစ်ယောက် အိမ်ထောင်နဲ့စောစောစီးစီးသေကွဲကွဲခဲ့ရပေမယ့် ဘဝမှာပျော်ရွှင်မှုတွေကိုသာ ဆက်လက်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebritΜ

Leave a Reply

Your email address will not be published.