Cele News မြန်မာဆယ်လီ

အသံနဲ့သရုပ်ဆောင်တာပီပြင်လို့ အကယ်ဒမီရသွားတဲ့အကြောင်း ပြောပြလာတဲ့ မင်းသမီးကြီးချိုပြုံး

အသံနဲ့သရုပ်ဆောင်တာပီပြင်လို့ အကယ်ဒမီရသွားတဲ့အကြောင်း ပြောပြလာတဲ့ မင်းသမီးကြီးချိုပြုံး

ပရိတ်သတ်ကြီးရေသရုပ်ဆောင်ချိုပြုံးကတော့ပြင်လှတဲ့သရုပ်ဆောင်ချက်တွေအတူနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။

သူမကတော့ယခုအချိန်ကာလမှာဆိုရင်အနုပညာအလုပ်များကိုရပ်နားထားပြီးသာယာတဲ့မိသားစုလေးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်နော်။

ချိုပြုံးဆိုတဲ့မင်းသမီး (မွန်းတည့်ချိန်တွင်နေဝင်သည်)အသံနဲ့ သရုပ်ဆောင်တာ ပီပြင်လို့ အကယ်ဒမီရသွားတဲ့ မင်းသမီးကချိုပြုံးပါ။ ချိုပြုံး အကယ်ဒမီရတဲ့ အခန်းက အဝေးမှာဆိုက္ကားတစ်စီး ဦးကျော်ဟိန်းက ဆိုက္ကားဆရာ ချိုပြုံးက ပြည့်တန်ဆာ။

“အဟမ်းဟမ်း… ရီတော့ရီရတယ်သိလား
အမြင်ကပ်ကပ်နဲ့ လောကကြီးကို
အရွဲ့တိုက်ပစ်လိုက်တာ..
လောကကြီးက ဘာမှမဖြစ်ပဲ ကျမသာ
ဒီဘဝ ရောက်သွါးတော့တာပါပဲ… …”

အကယ်ဒမီပွဲ မပေးခင်ကထဲက ချိုပြုံးရဲ့အသံနဲ့သရုပ်ဆောင်သွားတဲ့ ကလစ်က နာမည်ကြီး စိန်ခင်မောင်ရီတောင် အဲဒီအခန်းကို ချီးကျူးခဲ့။ ချိုပြုံးရဲ့ အသံက Unique တမူထူးခြား။ gifted voice လို့ပဲ ပြောရမှာပေါ့။

၁၉၈၂ ခုနှစ်အတွက် အကယ်ဒမီ ကြေငြာတော့ ချိုပြုံးပဲ ရသွားတယ်။ဒီကားလေးက တကယ်ကို လူသားတွေအတိတ်က အမှောင် အလုပ်လုပ်ခဲ့ပြီး အမြင်မှန် ပြန်ရလာတော့ ဖေးမမယ့်လူထက် အတိတ်က အမှောင်ဓါတ်ပြားတွေပဲ ဖွင့်ပြီးသိက္ခာချချင်ကြတာကို မီးမောင်းထိုးထားတဲ့ ကား။ဒါကြောင့် အခုခေတ်ပေါကားတွေထက် ဒီလိုမျိုးအနုပညာကားလေးတွေ မရိုက်တော့တာ မြန်မာ့ရုပ်ရှင်လောကရဲ့ကျဆုံးမူပါ။

Zawgyi Vision








Leave a Reply

Your email address will not be published.