မြန်မာဆယ်လီ

လျှာရိုးမရှိတိုင်း လျှောက်ပြောတက်တဲ့ ‌ယောက်ကျားတွေရဲ့စကားကို မယုံဖို့သတိပေးစကားလေးဆိုလာတဲ့ “သက်သက်”

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတူ ကျရာဇာတ်ရုပ်တိုင်းကိုလည်း အကောင်းဆုံး ပုံဖော် သရုပ်ဆောင်နိုင် ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာရရှိ ထားတဲ့ MRTV4 မင်းသမီးချောလေး တစ်လက်ပါနော်။

သူမပါဝင် သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းတွဲလေး တိုင်းမှာ ပြောစမီတ်တွင်အောင် ဇာတ်ကောင်တိုင်းကို နာမည်တစ်လုံး ကျန်ရစ်ကာ ပရိသတ် ရင်ထဲ စွဲထင်စေနိုင်သူလေး နန်းစန္ဒာလှထွန်း ကတော့မကြာသေးမှီက ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးခဲ့ ကြသော

“ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်း တွဲမှာလည်း သက်သက် ဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာကို အပီပြင်ဆုံးပုံဖော် နိုင်ခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ သက်သက်ရဲ့ ပုံရိပ်လေးတွေဟာ စွဲထင်လို့ နေခဲ့ကြရတဲ့ အထိပါနော်။ အခုတစ်ခါမှာဆိုရင် ပရိသတ်အချစ်တော်လေး သက်သက်က လျှာရိုး မရှိတိုင်း လျှောက်ပြောတတ်တဲ့ ယောက်ကျားတွေ ရဲ့ စကားကို မယုံနဲ့ဆိုကာ အခုလိုလေးပဲချစ်စရာကောင်းအောင် ပြောလာခဲ့ ပါတယ်နော်။ သရုပ်ဆောင် နန်းစန္ဒာလှထွန်းက “လျှာရိုးမရှိတိုင်း လျှောက်ပြောတတ်တဲ့ ယောက်ျားတွေရဲ့ စကားကို မယုံနဲ့ ညီမလေးတို့ရေ၊ ps ဇာတ်လမ်းထဲမှာ ပြောတာပါနော် ကိုကိုတို့ရေ ဆူခံရမှာလည်း ကြောက်ရသေး” ဆိုပြီး ချစ်စဖွယ်လေး သတိပေးစကားလေး ရေးသားလာခဲ့ကာ အမျိုးသားထုကြီး မငြိုငြင်အောင်လည်း ဇာတ်ကားထဲမှာကို ပြောတာပါ ကိုကိုတို့ရေဆိုကာ ချစ်စရာအပြောလေးနဲ့ ပြန်ချော့ ထားတာကို တွေ့ရပါ တယ်နော်။
MyanmCelebritΜ

Leave a Reply

Your email address will not be published.