မြန်မာဆယ်လီ

ရိုက်ကူးလက်စဖြစ်တဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲ Season 2 ကို ရပ်တံ့လိုက်ပြီဖြစ်ကြောင်း အသိပေးလာတဲ့ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)

ပြီးခဲ့တဲ့လတွေက MRTV 4 ဇာတ်လမ်းတွဲမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲကို ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသားခဲ့တာဖြစ်ပြီး မင်းဘုန်းမြတ်၊ မုဏ်း၊ ခိုင်သဇင်ငုဝါ၊ ကျော်ထက်၊ ရဲလင်းအောင်၊ ဆုလင်းရှိန် စတဲ့ သရုပ်ဆောင်တွေက ပါဝင်

သရုပ်ဆောင်ခဲ့ကာ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်) ဟာ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲ Season 2 ကို ဆက်လက်ရိုက်ကူးခဲ့ပြီး ဒီကနေ့မှာတော့ ဝမ်းနည်းစရာသတင်းတစ်ခုကို မျှဝေလာပါတယ်။ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်) က “ချစ်စွာသော စေတစ်လုံးမောင်ဘုန်း ပရိသတ်ကြီးအား တောင်းပန်ပါသည်။

လက်ရှိခေတ်အခြေအနေရ စေတစ်လုံးမောင်ဘုန်း Season 2 ကို စီစဉ်နေဆဲကာလမှာတင် စိတ်မကောင်းကြီးစွာ ရပ်တန့်လိုက်ရပါသည်။ Season 1 ပြီးသည်နှင့် အောင်မြင်နေသောအခြား စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပြီး ဆက်လက်စီစဉ်ရန် ကြိုးစားခဲ့သော်လည်း အခုတော့ လမ်းခုလတ်တင် ရပ်လိုက်ရဖို့ ဖြစ်လာပါသည်။

မိသားစု စားဝတ်နေရေးဘက် ဦးပြန်လှည့်ရန်မဖြစ်မနေ ကိစ္စကြီးဖြစ်လာသည်မို့ ကျတော်သည်လည်း လက်ရှိ အနုပညာအလုပ်များကို ရပ်တန့်လိုက်ရပါသည်။ ယုံကြည်ချက်တစ်ခုနဲ့ စေတစ်လုံးမောင်ဘုန်းဆက်ရိုက်ရန် ပြင်ဆင်နေဆဲမှာပင် ဆက်လက်ရပ်တည်ဖို့ ယုံကြည်ရန်အခက်အခဲများကြောင့် ရပ်တန့်လိုက်ရသည့်အပေါ် ချစ်စွာသော စေတစ်လုံးမောင်ဘုန်း ပရိတ်သတ်ကြီး နားလည်ပေးလိမ့်မည်ကိုလည်း မျှော်လင့်ယုံကြည်ပါသည်ခင်ဗျာ။ ပုံမှန်အခြေအနေတစ်ခု ပြန်မရောက်လာမချင်း ယုံကြည်ချက်ထားမရနိုင်တော့သည် အနုပညာလုပ်ငန်းများကို ရပ်တန့်နေဆဲဖြစ်ပါလိမ့်ဦးမည်။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)ကတော့ ပရိသတ်တွေစိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲ Season 2 ကို ရပ်တံ့လိုက်ပြီဖြစ်ပြီး ပရိသတ်တွေကိုလည်း နားလည်ပေးဖို့ တောင်းဆိုလာတာပဲဖြစ်ပါတယ်။

MyanmCelebritΜ

Leave a Reply

Your email address will not be published.