Cele News မြန်မာဆယ်လီ

ပင်လယ်ကမ်းခြေမြို့လေးမှာ လျှောက်လည်ရင်း ပျော်ရွှင်စရာအချိန်တွေကုန်ဆုံးနေတဲ့ သရုပ်ဆောင်ဇူဇူးမောင်တို့မိသားစု

ပင်လယ်ကမ်းခြေမြို့လေးမှာ လျှောက်လည်ရင်း ပျော်ရွှင်စရာအချိန်တွေကုန်ဆုံးနေတဲ့ သရုပ်ဆောင်ဇူဇူးမောင်တို့မိသားစု

သရုပ်ဆောင် ဇူဇူးမောင်ကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီမေသန်းနုရဲ့ တူမရင်းလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဇူဇူးမောင်ဟာ အနုပညာလောကမှာ နာမည်ရမင်းသမီးတစ်လက်ဖြစ်ပေမယ့် အိမ်ထောင်ပြုပြီးနောက်မှာတော့ အနုပညာအလုပ်တွေကို စွန့်လွှတ်ကာ ခင်ပွန်းဖြစ်သူနဲ့အတူတူ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ အရင်လို သရုပ်ဆောင်အလုပ်တွေမလုပ်ကိုင်ဖြစ်တော့ပေမယ့် ဇူဇူးမောင်က ACC Channel by Alison, Chloe & Cho ဆိုပြီး သမီးလေးတွေနဲ့အတူတူ ဗီဒီယိုလေးတွေ ဓာတ်ပုံလေးတွေကို မျှဝေပေးနေတာပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ ဇူဇူးမောင်တို့ မိသားစုဟာ လတ်တလော အားလပ်ရက်မှာတော့ မက္ကစီကိုနိုင်ငံကို အလည်အပတ်သွားရောက်နေတာပဲဖြစ်ပါတယ်။ ဇူဇူးမောင်တို့ မိသားစုတွေက မက္ကစီကိုနိုင်ငံက Cancún ဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေးမှာ လည်ပတ်နေကြတဲ့ ပုံရိပ်တွေကို အခုလိုပဲ ပျော်ရွှင်ဖွယ်ရာ တွေ့ရပါတယ်။

ဇူဇူးမောင်တို့ ဇနီးမောင်နှံကတော့ အားလပ်ရက်လေးရတုန်း သမီးလေး Alison နဲ့ သမီးလေး Chloe တို့ကိုပါခေါ်ပြီး မက္ကစီကိုနိုင်ငံက Cancún မြို့လေးမှာ လည်ပတ်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇူဇူးမောင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ်ထင်ပါတယ်နော်။

Zawgyi Vision





Leave a Reply

Your email address will not be published.