Local News

တောထဲကနေ အိမ်ပြန်ခွင့်ရမယ်ဆိုရင် အိမ်ပြန်ချင်တယ်လို့ ရင်ဖွင့်လိုက်တဲ့ အဆိုတော် မူးလာ

ပရိသတ်ကြီးရေ အဆိုတော် မူးလာ ဟာ လက်ရှိ အချိန်မှာဆိုရင် ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ အခြားသောအနုပညာရှင်အချို့နဲအတူရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပေမယ့်လဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက် ရှိနေပြီးတော့အခြေအနေတွေကို အသိပေးနေတာ ဖြစ်ပါတယ် ။

ဒါအပြင် မူးလာ ဟာ ဟားငါးကောင်လူရွှင်တော်အဖွဲ့နဲ့အတူ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့်ဟာသလေးပြောပေးလေ့ရှိပြီး သီချင်းလေးတွေဆိုပြတတ်ပါသေးတယ် ။ လွတ်မြောက်နယ်မြေ ကတော့ အစားအသောက်၊အနေအထိုင်တွေဟာခက်ခဲ ကြမ်းတမ်းလွန်းတာကြောင့် အဆင်ပြေသလိုနေထိုင်နေရတာပဲ ဖြစ်ပါတယ်။

အခုလက်ရှိမိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းမိုးမလုံတာတွေ၊အမိုးအကာလိုအပ်ချက်တွေကြောင့် ဆင်းရဲပင်ပန်းနေပေမယ့် တော်လှန်ရေးအတွက် အားတင်းထားဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ မူးလာ ဟာခံစားချက်ရှိတဲ့လူသားတစ်ဦးပဲ ဖြစ်တာကြောင့် ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာနေပေမယ့် တစ်ခါတရံ အိမ်နဲ့မိသားစုရဲ့နွေးထွေးမူ့တွေကိုသတိရနေဆဲပါပဲ ။ ဒါကြောင့်လဲ ခက်ခဲတဲ့ တောတွင်းတစ်နေရာကနေ အိမ်ပြန်ခွင့်ရမယ်ဆိုရင် ငါးမိနစ်လောက် ဖြစ်ဖြစ် အိမ်ပြန်ချင်တယ်လို့ရင်ဖွင့်လိုက်ပါတယ် ။ “အိမ်ပြန်ခွင့်ရမယ်ဆိုရင် ငါးမိနစ်လောက်ဖြစ်ဖြစ် အိမ်ပြန်ချင်တယ် ၊ ဆန္ဒတွေပြည့်ဖို့ မလုပ်ပေးချင်ဘူးလားဗျာ” လို့တောင်းဆိုထားတာကို တွေ့ရပါတယ် ။
စာဖတ်ပရိသတ်ကြီးရေ အဆိုတော် စောခရစ်မူးလာ တို့ အားလုံး အဆင်ပြေကျန်းမာပါစေလို့ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်…။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ ။mdatenews
MyanmCelebritΜ

Leave a Reply

Your email address will not be published.