Cele News မြန်မာဆယ်လီ

မွေးနေ့လေးမှာ ကွဲကွာနေတဲ့ မိသာစုတွေအမြန်ဆုံး လုံခြုံ စွာပြန်လည်တွေ့ဆုံဖို့ ဆုတောင်းပေးလိုက်တဲ့ မော်ဒယ်သန္တာလှိုင်

မွေးနေ့လေးမှာ ကွဲကွာနေတဲ့ မိသာစုတွေအမြန်ဆုံး လုံခြုံ စွာပြန်လည်တွေ့ဆုံဖို့ ဆုတောင်းပေးလိုက်တဲ့ မော်ဒယ်သန္တာလှိုင်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ မော်ဒယ်သန္တာလှိုင်က မွေးနေ့လေးမှာ ကွဲကွာနေတဲ့ မိသာစုတွေအမြန်ဆုံး လုံခြုံ စွာပြန်လည်တွေ့ဆုံဖို့ အခုလို ဆုတောင်းပေးလိုက်ပါတယ်နော်။

မော်ဒယ်သန္တာလှိုင်က၄၅ နှစ်ပြည့်သွားပြီဆိုတော့ ရာစုတစ်တစ်ခုရဲ့ တစ်ဝက်ချိုးကာနီးပဲလို့ တွေးလိုက်မိတယ်။ စဉ်းစားလိုက်ရင်တော့ အချိန်က တိုတိုလေးအတွင်းမှာ လုံခြုံရေးအရ အမိနိုင်ငံကို စွန့်ခွါပြီး အမျိုးအဆွေမရှိ သူများနိုင်ငံမှာ ဘဝကို အသစ်ကနေ စခဲ့ရတာ ၂၀၀၀ ခုနှစ်မှာ တစ်ခါ။

၂၀၁၂ ရောက်တော့ ကိုယ်နိုင်ငံ အခြေအနေပြန်ကောင်းပြီဟဲ့ဆိုပြီး ၁၂ နှစ်လောက်တည်ဆောက်ခဲ့ရတဲ့ ဘဝလေးကို ထပ်စွန့်ပြီး အသစ်ကနေပြန်စခဲ့ရတာ နဲ့ဆိုရင် ၂ခါ၊ ၂၀၂၁ အကုန်မှာ ထပ်ပြီးတော့ပါ ၁၀ နှစ်လောက်ပြန်လည်တည်ဆောက်ထားရတဲ့ ဘဝနဲ့ ချစ်ရတဲသူတွေအားလုံးကို ထပ်ပြီးစွန့်ခွါရပြန်ရော။

ဒီတစ်ခါတော့ ကံကောင်းလို့ တစ်ယောက်ထဲရုန်းကန်ရတာ မဟုတ်တော့ပဲ ကဒ်ထူစက္ကူပုံးခြောက်လု့းနဲ့ လင်မယား၂ယောက် နိုင်ငံစွန့်ခွါထွက်ပြေးကြရတာနဲ့ဆိုရင် ဆယ်စုနှစ် ၅ ခုအတွင်းမှာ ၃ခါလောက် ဘဝကို အသစ်ကနေ ပြန်စရတာ ကိုယ်တစ်ယောက်ထဲမဟုတ်တော့ အားမငယ်ပါဘူး။ အရင်က အခေါက်တွေနဲ့ မတူတာက ပြေးရင်းလွှားရင်း ဝရမ်းပြေးဘဝနဲ့ ဘဝတူတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီနိုင်ခဲ့တယ်။

တစ်ခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် မြန်မာပြည်မှာ မွေးရတဲ့ သူတွေက မိသားစု တစ်ကွဲတပြားနဲ့ သေခွဲ ခွဲရတာ မဟုတ်ရင် ဒီလိုပဲ ဘဝကို ခနခနပြန်စရတာ နဲနဲများသလားလို့ပါ၊ ဒီမွေးနေ့မှာ ဆုတောင်းဖြစ်တာကတော့ မိသားစုတွေနဲ့ ကွဲနေတဲ့သူတွေ အမြန်ဆုံး လုံခြုံစွာ ပြနိလည်ဆုံတွေ့နိုင်ကြပါစေလို့ ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မရှိ!!!!!!!!!!!!!!!!!

Leave a Reply

Your email address will not be published.