မြန်မာဆယ်လီ

ကိုဗစ်ဖြစ်နေတဲ့ သားလေးနိုဝါကို ပြုစုရင်း ကိုယ်တိုင်လည်း ရောဂါပိုးကူးစက်ခံလိုက်ရပြီဖြစ်ကြောင်းပြောပြလာခဲ့တဲ့ ဇာဏ်ခီ

သရုပ်ဆောင် ဇာဏ်ခီကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း ဒါရိုက်တာခရစ္စတီးနားခီနဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားပြီး နိုဝါဆိုတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေခဲ့တဲ့ ဇာဏ်ခီက ဒီကနေ့မှာတော့ ကိုဗစ်ဖြစ်နေတဲ့ သားလေးနိုဝါကို ပြုစုရင်း ကိုယ်တိုင်လည်း ရောဂါပိုးကူးစက်ခံလိုက်ရပြီဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။

ဇာဏ်ခီက “ကိုင်း..😊 ကျနော်တို့ရဲ့ဘော့စ် ကိုကိုနိုဝါကိုဝိုင်းပြုစုရင်းနဲ့ သူ့ရဲ့ “၂ကြောင်းဂိုဏ်း” ထဲကိုကျနော်ပါဝင်သွားပါပြီ။ မခရစ္စ ကတော့အခုထိ Wonder Woman ဖြစ်နေတုန်းဆိုပေမယ့် သိပ်မဟန်ဘူး။ သူလည်းမကြာခင် ၂ကြောင်းဂိုဏ်းထဲ join ရတော့မယ်ထင်ပါတယ်။ လောလောဆယ်ကျနော်တို့တွေအိမ်မှာ isolation လုပ်နေပါတယ်။ မဲကိစ္စအတွက်ကတော့ ကျနော်တို့ team ဆက်ပြီးလုပ်ကိုင်နေကြပါတယ်။ စာရင်းပိတ်နိုင်ဖို့ ၅%လောက်ပဲကျန်ပါတော့တယ်။

အခေါက်တိုင်းကြုံခဲ့တဲ့အတိုင်းပဲ နောက်ဆုံးကျန်တဲ့သူတွေအများစုကတော့ ကျနော်တို့ကိုပေးတဲ့နာမည်နဲ့ ဘဏ်ထဲကိုဝင်လာတဲ့နာမည်နဲ့မတူတာကြောင့်ရယ် ပြီးတော့ လက်မှတ်ဝယ်ပြီး ss မပို့ပေးသေးတာရယ်ကြောင့်ပါ။ စာရင်းအမြန်ဆုံးပိတ်နိုင်ဖို့အတွက် အပေါ်ကအချက်နှစ်ချက်နဲ့အကျုံးဝင်သူများ ကျေးဇူးပြုပြီး page ကိုဆက်သွယ်ပေးကြပါဦးခင်ဗျ။ 🙏 မဲဖေါက်ပေးဖို့ရက်ကတော့ ခဏလေးစောင့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ COVID နဲ့ကိစ္စပြတ်သွားရင်ပြန်ပြောပါ့မယ်။ အားလုံးလည်းကျန်းမာရေးဂရုစိုက်ကြပါဦး။ 🥰🙏” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ဇာဏ်ခီကတော့ ကိုဗစ်ဖြစ်နေတဲ့ သားလေးနိုဝါကို ပြုစုရင်း ရောဂါပိုးကူးစက်ခံလိုက်ရတာကြောင့် သီးသန့်ခွဲနေထိုင်နေလျက်ရှိတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဇာဏ်ခီရော သားသားလေးနိုဝါရော အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebritΜ

Leave a Reply

Your email address will not be published.