မြန်မာဆယ်လီ

အစ်မတွေနဲ့ခွဲထွက်ပြီး တစ်ဦးတည်းလုပ်ကိုင်တဲ့ ပိုးထည်ဆိုင်အသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလာတဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်ကတော့ အနုပညာလောကထဲကိုဆယ်ကျော်သက်အရွယ်က တည်းကဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ခဲ့သူပါ။ စိုးပြည့်သဇင်က “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့ပြီးရုပ်ရှင်နယ်ပယ်မှာသာမကပဲ ဂီတလောကမှာပါနေရာတစ်နေရာ အခိုင် အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။

အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့အတူတူ ပိုးထည်တိုက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားတဲ့ စိုးပြည့်သဇင်က ဒီကနေ့မှာတော့ သူမအသစ်လုပ်ကိုင်မယ့် ဆိုင်အသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာပါတယ်။

စိုးပြည့်သဇင်က “စိုးပြည့်ရဲ့ချစ်ရသူလေးတို့ရေ မင်္ဂလာပါ ရှင့်။ ဒီ post လေးကြောင့် တစ်စုံတစ်ရာ အနှောင့်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော် 😔🙏 အပြစ်မမြင်ပဲ ချစ်ခင်စွာနဲ့ ဝန်းရံအားပေးကြပါဦးလို့❤️ ဒီနေ့မှာ စိုးပြည့်က စိုးပြည့်ရဲ့ ကိုယ်ပိုင် လုပ်ငန်းလေး ဖြစ်တဲ့ Soe Pyae -Silk&Lace နဲ့မိတဆက်ပေးပါရစေရှင့် ❤️ ဒီလုပ်ငန်းလေးက စိုးပြည့် တစ်ဦးတည်းပိုင်လုပ်ငန်းလေးပါ။

ဒီ Soe Pyae -Silk&Lace ကနေပြီးတော့ မြန်မာအမျိုးသမီးလေးတွေ အတွက် အမြတ်တနိုးဝတ်ဆင်ကြရတဲ့ မြန်မာ့ရိုးရာ ပိုးစစ်ချိတ် ပိုးဖဲချိတ် လေးတွေကို မိမိတို့ပွဲနှင့် လိုက်ဖက်ညီစွာဆင်မြန်းနိုင်စေဖို့ရာ အဖိုးနှုန်း သင့်တင့်စွာ နဲ့ရောင်းချပေးပါမယ်နော်🥰 ဒါ့အပြင် မင်္ဂလာပွဲဝင်သတို့သမီးလေးတွေ တစ်သက်မှာ တစ်ခါလုပ်ခွင့်ရကြတဲ့ လက်မှတ်ထိုး ဆွမ်းကပ် ဧည့်ခံ အခမ်းအနားလေးတွေမှာ မင်္ဂလာသတို့သမီးလေးတွေရဲ့ပွဲနဲ့လိုက်လျောညီစွာဝတ်ဆင်နိုင်မယ့် ပွဲတက်ဝတ်စုံလေးများကိုလည်း Soe Pyae- Silk &Lace ကနေပြီးတော့ သင်တင့်မျှတတဲ့ဈေးနှုန်းလေးနဲ့ရောင်းချပေးပါမယ်ရှင့်🤗🤗🤗 ဆိုင်ဖွင့်ဖို့စီစဉ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ခုလောလောဆယ် online ကနေ ရောင်းချပေးပါမယ်ရှင်🥰❤️” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေငြာလာပါတယ်။စိုးပြည့်သဇင်ကတော့ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ ခွဲထွက်ပြီး သူမရဲ့တစ်ဦးတည်းပိုင် ပိုးထည်လုပ်ငန်းလေးကို တည်ထောင်ခဲ့သလို မကြာခင်အချိန်အတွင်းမှာလည်း ဆိုင်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ပြောလာပါတယ်။ စိုးပြည့်ရဲ့ဆိုင်လေး အမြန်ဆုံးအကောင်အထည်ဖော်ပြီး အများကြီးရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published.