Cele News မြန်မာဆယ်လီ

သရုပ်ဆောင်သင်ဇာဝင့်ကျော် အဖမ်းခံရတာနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းလာတဲ့ မော်ဒယ်ရှင်ယွန်းမြတ်

သရုပ်ဆောင်သင်ဇာဝင့်ကျော် အဖမ်းခံရတာနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းလာတဲ့ မော်ဒယ်ရှင်ယွန်းမြတ်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် မော်ဒယ်ရှင်ယွန်းမြတ်က သရုပ်ဆောင်သင်ဇာဝင့်ကျော် အဖမ်းခံရတာနဲ့ပတ်သတ်ပြီးအခုလို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်နော်။

မော်ဒယ်ရှင်ယွန်းမြတ်က လက်ရှိဖြစ်ပေါ်နေတဲ့သတင်းနဲ့ ပတ်သတ်ပြီး သတင်းပါ အကြောင်းအရာအကြောင်း နှင့် မည်သူဆီကမှ အကျိုးအမြတ် % ခံစားထားခြင်းမရှိကြောင်း ရှင်းလင်းချင်လို့၊
Edit- သာယာနေတုန်းကျ sout သံမထွက်၊ ခု သူပြဿနာတက်တော့မှ ကျမ နာမည်တပ်၊ သူ့သဘောနဲ့ သူတင်၊ သူ့ပိုက်ဆံ သူသုံး၊ အဆင်ပြေ သာယာ၊ အေးဆေးနေတုန်းကျ sout သံမထွက်၊ sout စကားတောင် မပြောဖြစ်ကြပဲ အခု ပြဿနာတပ်မှ ကျမ နာမည်တပ် ။

သူ အကောင့်ဖွင့်တာတောင် ကျမ ကြိုမသိခဲ့၊ သူနဲ့ ကြေငြာချင်တဲ့ Website အကြောင်း သူမေးလို့ သိသလောက်ဖြေပေးတယ်၊ ကြေငြာကိစ္စဖုန်းနဲ့ ပြောပေးတယ်၊ သူတို့ချင်း ပြောပြီး ကြေငြာ post မတင်ဖြစ်ပဲ Website မှာ အကောင့်ဖွင့်တာ၊ သူ့သဘော သူ့ဆန္ဒလေ၊ ကျမ သိမှာစိုးလို့ ကျမ လုပ်ပေးလို့ သူအကောင့်ဖွင့်ဖြစ်တယ် ဖြစ်မှာစိုးလို့ မေ့လောက်တော့မှ အကောင့်ထဖွင့်ခဲ့တဲ့သူက အခုကျမှ By name တပ်ပြီး ကျမနာမည်ဆိုတော့ အံဩလွန်းလို့ပါ။

တာဝတိံသာ တက်တုန်းကကျ ဆွဲခေါ်ဖို့နေနေသာသာ လူသိမှာကြောက်၊ အခု ငရဲသွားတော့မှ အတင်း နာမည်တွေ တပ်ပစ်တာကို စိတ်တိုတာ၊ သူသာ စိတ်ရင်းမှန်တယ်ဆိုရင် ညီမရေ ညီမပြောတဲ့ website နဲ့ ကြေငြာ post မတင်ဖြစ်တော့ပဲ အကောင့်ဖွင့်ပြီးသုံးလိုက်တော့တယ် ဆိုတာမျိုး တခွန်းမရှိ၊ ကျမ ပြောလို့ သူ လုပ်ရပါတယ် ဖြစ်မှာစိုးလို့၊ အသံပိတ်နေခဲ့ပြီး ခုကျမှ ရှင်ယွန်းမြတ် ချိတ်ပေးတာ တဲ့လား၊ စိတ်ဓါတ်က။

နိုင်ငံရေးကို စိတ်မဝင်စားတာမဟုတ်ဘူး၊ စည်း နဲ့ ဘောင် နဲ့နေတာ၊ နိုင်ငံရေး အကြောင်းပြ ပြီး ပြည်သူ့မေတ္တာ လိမ်ညာ မယူဘူး၊ အနုပညာ ဝါသနာပါလို့ အနုပညာ လုပ်တာ၊ နိုင်ငံရေး မှိုင်းမတိုက်ဘူး၊ လူပြိန်းတွေကြိုက်အောင် လုပ်မပြတတ်ဘူး၊စိတ်ရင်းအတိုင်းပဲနေတယ်၊ သာပေါင်းညာစား မလုပ်ဘူး၊ ဆိတ် လ စိ လိုမလုပ်ဘူး၊ နဂိုတည်းက မှန်အောင် နေတယ်။

သေသေချာချာ ဘာမှ နားမလည်ပဲ သူများလုပ်တိုင်း လိုက်မလုပ်ဘူး၊ လူပိန်းကြိုက်အောင်လဲ လုပ်မပြတတ်ဘူး၊ ဆောရီးပဲ၊ ဆန္ဒပြ ဖမ်းခံထိတော့မှ ခံဝန်ထိုးပြီး ပြန်ထွက်တာမျိုးလဲ ဘယ်တော့မှ မလုပ်ဘူးဉ ဝါဒ မှိုင်းမတိုက်ဘူး၊ ကိုယ့်ဘောင် ကိုယ့်စည်းနဲ့နေတယ်၊ လာမဆဲနဲ့ ပြန်ဆဲမှာ။

ကြောက်လ်ို့ ရှင်းတဲ့ live မဟုတ်ဘူး၊ ကျမ ကို အခုလိုမှ နာမည်တပ်လိုက်တာကို တင်းတာ၊ ဥပဒေ မဲ့ လုပ်ရပ် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး၊ ခိုး လုပ်ထားတဲ့ ကိစ္စလဲ ဘာမှ မရှိလို့ အေးဆေးဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published.