မြန်မာဆယ်လီ

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာလိုအပ်နေတဲ့ ရေစင်အလှူလေးကို ဖေဖေနဲ့အတူတူ လှူဒါန်းပေးခဲ့တဲ့ နေဆန်း

ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ ဟာသဗီဒီယိုတွေကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ခက်ခဲကြမ်းတမ်းတဲ့ဘဝက လာခဲ့ရသူမို့ သူတစ်ပါးအပေါ်ညှာတာတတ်ပြီး ဂရုစိုက်တတ်တဲ့ နေဆန်းဟာ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နေဆန်းက သူပြုခဲ့တဲ့ ကုသိုလ်လေးအကြောင်းကို အခုလိုပဲပြောလာပါတယ်။နေဆန်းက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမျာလိုအပ်နေတဲ့ ရေစင်အလှူလေးကို ဖေဖေနဲ့အတူတူ လှူဒါန်းပေးခဲ့ကြောင်း “ဖေဖေနဲ့အတူဘုန်းကြီးကျောင်းမှာ သံဃာတော်များ ယောဂီများ ရေသောက်သုံးရန်အတွက် ထာဝရဒါန ရေစင်အလှူလေး 🙏🏻” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

နေဆန်းကတော့ ကုသိုလ်တွေကြုံသလို ယူတတ်သူဖြစ်ပြိး လိုအပ်နေတဲ့နေရာတွေမှာလည်း အမြဲတမ်းလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေမယ်ထင်ပါတယ်နော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published.