မြန်မာဆယ်လီ

ဆရာလေး ခေမာနန္ဒီဘွဲ့အမည်နဲ့ သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တဲ့ ဖေ့စ်ဘုတ်ဆယ်လီ ချိုမာ

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဈေးရောင်းချရင်း နာမည်ကြီးလာခဲ့တဲ့ ဖေ့စ်ဘုတ်ဆယ်လီ ချိုမာကို ပရိသတ်ကြီးအတွက် အထွေအထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးနော်။

ချိုမာဟာ နောက်ပိုင်းမှာတော့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး အနုပညာလှုပ်ရှားမှုအချို့ကိုလည်း ပြုလုပ်ရင်း အားပေးသူပရိသတ်ရရှိခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပရိသတ်ကြီးချစ်တဲ့ ချိုမာဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့မှာတော့ နိုင်ငံရေးကိုထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ပုထုဇဉ်လူသားပီပီ ကံကောင်း၊ ကံဆိုးမှုတွေကို တစ်လှည့်စီကြုံဆုံနေရတဲ့ ချိုမာဟာ ဒီကနေ့မှာတော့ သီလရှင်ဝတ်ပြီး ကုသိုလ်ယူနေခဲ့တာကို အခုလိုမျိုးပဲတွေ့ရပါတယ်။ ချိုမာက မနေ့က သြဂုတ်လ (၅) ရက်နေ့မှာ ဆရာလေး ခေမာနန္ဒီအဖြစ်သို့ကူးပြောင်းပြီး သီလရှင်ဝတ် သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

ချိုမာကတော့ သာသနာ့ဘောင်မှာ ဘယ်နှစ်ရက်နေပြီး တရားအားထုတ်မလဲဆိုတာကိုတော့ အတိအကျပြောထားခြင်းမရှိပါဘူး။ ဆရာလေး ခေမာနန္ဒီတစ်ဖြစ်လည်း ချိုမာတစ်ယောက် ရသလောက်အချိန်အတောအတွင်းမှာ တရားထူး တရားမြတ်တွေကျင့်ကြံအားထုတ်နိုင်ပါစေနော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published.