မြန်မာဆယ်လီ

မြန်မာမင်းသားတွေအားလုံးထဲ ဒေါင်းတစ်ယောက်တည်းကိုသာ အကြွေဆုံးလို့ ပွင့်လင်းစွာဝန်ခံလာတဲ့ ဆုထက်လှိုင်

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဆုထက်လှိုင်ကိုတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ဆုထက်လှိုင်ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့လက ထုတ်လွှင့်ပြသခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲနဲ့လည်း လူသိများလာခဲ့တာပဲဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လေးစားအားကျရပြီး ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေရှိတဲ့ ဆုထက်လှိုင်ဟာ ဒီကနေ့မှာလည်း သူမကြိုက်တဲ့ မြန်မာမင်းသားကို ဖွင့်ဟပြောပြလာပါတယ်။
%p


ဆုထက်လှိုင်က သရုပ်ဆောင်ဒေါင်းရဲ့ ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ကာ “မင်းသားတွေထဲ သူ့တယောက်တည်းကိုအရမ်းကြွေ” ဆိုပြီး ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောလာခဲ့တာဖြစ်ပါတယ်။ဆုထက်လှိုင်ကတော့ မြန်မာမင်းသားတွေအများကြီးရှိတဲ့ထဲက မင်းသားချောဒေါင်းတစ်ယောက်တည်းကိုပဲ အရမ်းကြွေတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဆုထက်လှိုင်လည်း ဒေါင်းနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ခွင့်ရမယ့်နေ့ကို စောင့်မျှော်နေမယ်ဆိုတာ အသေအချာပါပဲနော်။
MyanmarCelebritΜ

Leave a Reply

Your email address will not be published.