Cele News မြန်မာဆယ်လီ

စား၀တ်နေရေးအဆင်မပြေတော့လို့ သူမရဲ့တိုက်ခန်းလေးကို ရောင်ချလာတဲ့ အဆိုတော်ချယ်ရီသင်း

စား၀တ်နေရေးအဆင်မပြေတော့လို့ သူမရဲ့တိုက်ခန်းလေးကို ရောင်ချလာတဲ့ အဆိုတော်ချယ်ရီသင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် အဆိုတော်ချယ်ရီသင်းက သူမရဲ့ သိန်း (၃၆၀)တန် တိုက်ခန်းလေး ရောင်းဖို့ရှိကြောင်းကိုအခုလို ပြောပြလာခဲ့ပါတယ်နော်။

အဆိုတော်ချယ်ရီသင်းကချယ့်တိုက်ခန်းလေးရောင်းပေးချင်ပါတယ်၊ အခုအချိန်မှာလက်ထဲလည်းငွေမထားချင်ဘူး၊ စိတ်ချရတဲ့စီမှာပဲဝယ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ချယ့်တိုက်ခန်းကိုဝယ်ဖို့အကြံပြုချင်ပါတယ်၊ ချယ့်တိုက်ခန်းလေးရဲ့အကျယ်ကတော့ ၁၂ခွဲ ၅၀ပေအကျယ်အဝန်းရှိပါတယ်၊ အခန်း ၂ခန်းကိုအသာလေးဖွဲ့လို့ရပါတယ်၊ ရေချိူးခန်း၊ အိမ်သာ ပါပြီး။

၃ထပ်၄လွှာဖြစ်ပြီး လှေကားတိုတဲ့အတွက်မမောပါ ၊BCC ကျပြီးသားဖြစ်ပြီးစာရွက်စာတမ်းစုံပါတယ်ကွယ်၊ ပါတ်ဝန်းကျင်သန့်သောနေရာလေးပါ၊တိုက်ခန်းရဲ့မျက်နှာဝမှာ လမ်းကျယ်သာရှိပြီးမျက်နှာချင်းဆိုင်တိုက်မြင့်မရှိတဲ့အတွက်လေကောင်းလေသန့်ရရှိပါတယ်၊ အောက်ကိုဆင်းပြီး ညာချိူးရင်ဖြင့်ပါရမီမိန်းလမ်းမကြီးကိုရောက်ပြီး ​​မိန်းလမ်းမကြီးကနေ ညာချိူးရင်ဗဟိုလမ်းမကြီးကိုရောက်မှာဖြစ်ပြီး ။

ဘယ်ချိူးရင်ပါရမီမီးပွိုင့် ပါရမီစိန်ဂေဟာကိုရောက်မှာပါ ဆန္ဒရှိရင်လမ်းကူးပြီး IDol Bar ကိုယ်လည်းသွားနိုင်ပါတယ်၊ အိမ်ရဲ့အောက်ကိုဆင်းပြီးဘယ်ကိုချိုးရင်ဖြင့် စက္ကန့်၃၀လမ်းလျှောက်ပြီးရင် လမ်းထိပ်မှာကောင်းလွန်လက်ဖက်ရည်ဆိုင်ရှိပြီး အဲ့ထိပ်ကနေဘယ်ချိုးရင်ဘုရင့်နောင်ကိုရောက်မှာဖြစ်ပြီး ညာချိူးရင် Honeynest နဲ့သမိုင်းCityMark တို့ရောက်မှာဖြစ်ပါတယ်။

လမ်းနံမည်လေးက ချယ်ရီလမ်း ဖြစ်ပါတယ်၊ နေရာကတော့ မရမ်းကုန်းမြို့နယ် မာလာမြိုင် အတွင်းဖြစ်ပါတယ်၊ သိန်း ၃၆၀ အလျှော့အတင်းရှိပါမယ်၊ လမ်းထဲတွင်စာသင်ကျောင်းလည်းရှိပါတယ်၊ကျောင်းနီး ဈေးနီး Bar နီး လက်ဖက်ရည်ဆိုင်နီး ဆေးခန်းနီး ဆေးရုံနီး BusStop နဲ့နီးတစ်လောကလုံးနဲ့နီးချယ်နဲ့လည်းနီး၊ ချယ်နေဖို့အမကဝယ်ပေးထားတာအိမ်နဲ့မခွဲနိူင်လို့မနေဖြစ်လို့ရောင်းတာပါ

ကဲဘယ်လိုလဲစာဖတ်ပြီးဝယ်ချင်နေပြီမလားဝယ်မယ်ဆို Cb ကနေ Hi ပေးပါတကယ် ဝယ်မယ်ဆိုမှHiပေးပါ၊ ရောင်းစျေး ၃၆၀၊ BCC ကျပြီး စာရွက်စာတမ်းအစုံရှိ လုံခြူံစိတ်ချရသောနေရာ ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Leave a Reply

Your email address will not be published.