မြန်မာဆယ်လီ

ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အလှူအဖြစ် မန္တလေးမြို့က ဘိုးဘွားရိပ်သာမှာ အလှူငွေများလှူဒါန်းခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

တက္ကသိုလ်ဂွမ်းပုံကတော့ မြန်မာသရုပ်ဆောင်တွေထဲမှာ ကျရာဇာတ်ရုပ်အတိုင်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အကယ်ဒမီထူးချွန်ဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေလျှော့ချထားပြီး သူမရဲ့ခင်ပွန်းနဲ့အတူတူ ပြင်ဦးလွင်မြို့က အိမ်လေးမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၃) ရက်နေ့ကတော့ တက္ကသိုလ်ဂွမ်းပုံရဲ့ခင်ပွန်း ကိုမြတ်ထွန်းရွှေရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံက ခင်ပွန်းဖြစ်သူရဲ့မွေးနေ့မှာ ပြုဖြစ်ခဲ့တဲ့ ကုသိုလ်လေးအကြောင်းကို “🙏မန္တလေးမြို့.ဗုဒ္ဓဘာသာ.ဘိုးဘွားရိပ်သာသို့..ကိုလတ်၏မွေးနေ့အလှူအဖြစ်..မိမိတတ်နှိူင်သလောက်လေးလှူဒါန်းခဲ့ပါသည်..

🙏ကုသိုလ်ထပ်တူရရှိပါစေနော်🙏 ” ဆိုပြီး မျှဝေပေးလာပါတယ်။တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်ရင်း ဘဝကိုအေးဆေးတိတ်ဆိတ်စွာဖြတ်သန်းနေလျက်ရှိတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published.