မြန်မာဆယ်လီ

သတ်ဖို့ရောင်းချခံနေရတဲ့ ကိုယ်ဝန်နဲ့နွားမကြီးကို ၆ သိန်း ၅ သောင်းကျပ်နဲ့ဝယ်ယူပြီး ဘေးမဲ့လွှတ်ကုသိုလ်ယူခဲ့တဲ့ ဂန္တဝင်

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဂန္တဝင်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။

အသက်အရွယ်တစ်ခုရောက်ရှိလာပြီးတဲ့နောက် အနုပညာအလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားခဲ့တဲ့ ဂန္တဝင်ဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုတော့ ယနေ့အချိန်ထိရရှိနေဆဲပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဂန္တဝင်က လာမယ့် (၆) ရက်နေ့မှာကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်လေးကို ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေပေးလာပါတယ်။ဂန္တဝင်က “မနေ့ညကကိုယ့်မွေးနေ့ ၆ရက်နေ့ကျရင် Kind Heart Dogs မှာလှူမလို့ သူတို့Pageထဲသွားဝင်ကြည့်ချိန်မှာ သူတို့ထင်းလိုလို့သွားဝယ်ရင်း ကိုယ်ဝန်ကြီးနဲ့နွားမကို သ တ် ဖို့အတွက်ရောင်းတော့မှာတွေ့ခဲ့လို့ “မေတ္တာဝါဒီပရဟိတ” မှာဘေးမဲ့လွှတ်ပေးချင်ကြောင်းတင်ထားတဲ့ပိုစ့်တွေ့တာနဲ့ ရောင်းဈေး၈သိန်း၅သောင်းတင်ထားတာ၂သိန်းကျော်ရနေပြီတွေ့တာနဲ့ ကျန်တဲ့၆သိန်း၅သောင်း ကိုလှူလိုက်ပြီးနွားမကြီးနဲ့ကလေးတွေအသက်ကိုမွေးလအလှူလေးအဖြစ်ကယ်တင်လှူလိုက်ပါတယ်🙏🙏🙏 နွားမကြီးလဲဘေးမဲ့ဂေဟာမှာ ကလေးများကိုကျန်းမာစွာမွေးဖွားနိုင်ပါစေ 👏👏👏” ဆိုပြီး ပြောပြလာပါတယ်။

ဂန္တဝင်ကတော့ သူမရဲ့မွေးလအလှူလေးအဖြစ် နွားမကြီးနဲ့ ကလေးလေးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂန္တဝင်ရဲ့ ကုသိုလ်ထူးလေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published.