သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ ပရိသတ်တွေကြား
နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ ဆောင်းယွန်စံဟာ လက်ရှိမှာတော့ အနုပညာအလုပ် တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ဖက် တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။
လူလေးလှသလို အလှူအတန်းပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။
အလှူအတန်းရက်ရောပြီး ပရဟိတအလုပ်တွေများစွာကို လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံက စေတနာအကျိုးပေးပြီး ကံကောင်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လရဲ့ လအစမှာလည်း ဆောင်းယွန်းစံက Bath 2000 ပေါက်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောပြလာခဲ့ပါတယ်။ဆောင်းယွန်းစံကတော့ လအစမှာပဲ ကံကောင်းခြင်းတွေနဲ့ ကြုံဆုံခဲ့ရပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံနဲ့ပတ်သက်ရင် ကံကောင်းလွန်းတဲ့ ဆောင်းယွန်းစံကို ကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။
MyanmarCelebritΜ