မြန်မာဆယ်လီ

သန့်သန့်ရှင်းရှင်း နဲ့ အဝစားလို့ ရတဲ့အပြင် စီးပွားဖြစ်ပါလုပ်လို့ရတဲ့ ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း

ပုစွန် / ငါးလေး / ငါးခုံးမ / ငါးဖယ် နှစ်သက်ရာလုပ် စားလို့ရပါတယ်ပြုလုပ်နည်း ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။
နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန် ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျော ရွက် ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက် ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။
အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ် သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်း နံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။
MyanmarCelebritΜ

Leave a Reply

Your email address will not be published.