Cele News မြန်မာဆယ်လီ

မနေ့က ပလက်ဖောင်းပေါ်မှာ အဖိုးကြီးတစ်ယောက်လဲကြနေတယ်ဆိုပြီး ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်လည်ပြောလာတဲ့ အဆိုတော်ကျားပေါက်

မနေ့က ပလက်ဖောင်းပေါ်မှာ အဖိုးကြီးတစ်ယောက်လဲကြနေတယ်ဆိုပြီး ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်လည်ပြောလာတဲ့ အဆိုတော်ကျားပေါက်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် အဆိုတော်ကျားပေါက်က မနေ့က ပလက်ဖောင်းပေါ်မှာ အဖိုးကြီးတစ်ယောက်လဲကြနေတယ်ဆိုပြီး ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုအခုလို ပြန်လည်ပြောလာခဲ့ပါတယ်နော်။

အဆိုတော်ကျားပေါက်က မနေ့က ပလက်ဖေါင်းပေါ်မှာ အဘိုးကြီးတစ်ယောက် လဲနေ၊ ကျနော်စီးလာတဲ့ ကားက သူလဲနေတဲ့နေရာကို တော်တော် ကျော်လာတဲ့အထိ ကျနော် အဘိုးကြီးကို စိတ်မချဘူး၊ ကားရပ်ပြီး သူ့ဆီ ပြန်ပြေးသွားတယ်၊ ဘေးမှာ ဘယ်သူမှ မရှိ၊ ကျနော် သူ့ကို တို့ကြည့်တယ်၊ မလှုပ်ဘူး၊ ပိုဆိုးတာ မျက်နှာပေါ်မှာ ယင်ကောင်တွေ နားနေပြီ။

Pulse တိုင်းဖို့ သူ့လက်ကိုမြှောက် လိုက်တော့ မျက်လုံးပွင့်လာတယ်၊ ကျတော် အလောတကြီး ok ရဲ့လား၊ ဒီနေရာက wet soil ဖြစ်နေတယ်၊ ခင်ဗျား အိပ်ပျော်သွားဖို့ အဆင်မပြေဘူး၊ platform ပေမယ့် သူခေါင်းချနေတဲ့နေရာက မြေကြီးပါ၊ မိုးရွာထားတော့ စိုနေတယ်၊ လေဖြတ်နိုင်တယ်။

သူအရက်မူးပြီးလဲနေတာ မဟုတ်ဘူး၊ အရက်နံ့မရဘူး၊ သူက ကျနော့်ကို အထူးတဆန်းကြည့်တယ်၊ ပြီးတော့ ကျနော် အဆင်ပြေတယ်၊ ခဗျား အဆင်ပြေပါရဲ့လား လို့ ပြန်မေးတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision







Leave a Reply

Your email address will not be published.