မြန်မာဆယ်လီ

“စမှတ်” ဇာတ်လမ်းတိုမှာ လင်းလင်းရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီး ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပုံကိုပြောပြလာတဲ့ ဒေါင်း

သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း အတူရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီပေးနေတဲ့ ဒေါင်းဟာ ရံပုံငွေတွေများစွာကိုလည်း ရှာဖွေပေးခဲ့သလို ဒီတစ်ခါမှာလည်း အဆိုတော်လင်းလင်းရိုက်ကူးတဲ့

“စမှတ်” ဆိုတဲ့ တော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတိုလေးမှာလည်း ပါဝင်ဖြစ်ခဲ့တာကိုေ တွ့ရပါတယ်။ဒေါင်းက သူ့အနေနဲ့”စမှတ်” ဇာတ်လမ်းတိုမှာ ပါဝင်ဖြစ်ခဲ့ပုံကို “စမှတ်ဆိုတာ ကျနော်တို့ဘဝမှာ တစ်ခုခုလုပ်တော့မယ်၊ တစ်ခုခုဖြတ်သန်းတော့မယ်၊ သမိုင်းအတွက်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဘဝအတွက်ဖြစ်ဖြစ်၊ အနာဂတ်အတွက်ဖြစ်ဖြစ် ဘယ်လိုအရာကိုမဆို ကျနော်တို့ လူသားတွေအတွက် သိပ်ကို အရေးကြီးတယ်။

ကျနော့်အတွက်တော့ ဒီဇာတ်လမ်းက “စ” မှတ်ဆိုတဲ့အတိုင်း တကယ်ကိုနက်နဲတယ်။ ကိုလင်းဘာကိုပြောချင်လဲဆိုတာကို နှလုံးသားထဲကနေပဲ ရှာဖွေဖို့ ကျနော်ပြောချင်တယ်။” ဆိုပြီး အခုလိုပဲပြောလာပါတယ်။ဒေါင်းကတော့ “စမှတ်” ဇာတ်လမ်းတိုမှာ လင်းလင်းရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီး တော်လှန်ရေးအတွက် ရန်ပုံငွေတွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒေါင်းနဲ့ ချစ်သုဝေတို့ သရုပ်ဆောင်ထားတဲ့ “စမှတ်” ဇာတ်လမ်းလေးကိုကြည့်ပြီး အားပေးဝန်းရံပေးကြပါဦးနော်။
MyanmarCelebritΜ

Leave a Reply

Your email address will not be published.