မြန်မာဆယ်လီ

အနိမ့်အမြင့်၊ ဖြစ်ခြင်းပျက်ခြင်းတွေ အမြဲတမ်းဒွန်တွဲနေခဲ့တဲ့ သူ့ရဲ့ဘဝတစ်သက်တာဖြတ်သန်းခဲ့ပုံကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ ဇေရဲထက်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်ကိုလည်း အံဝင်ခွင်ကျအဖြစ်ဆုံး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဇေရဲထက် ရယ်ဆိုပြီး သူသရုပ်ဆောင်သမျှ ဗီဒီယိုဇာတ်ကားတိုင်းကို မလွတ်တမ်းအားပေးကြတာပဲဖြစ်ပါတယ်။ ဗီဒီယိုမင်းသားဆိုပြီး နာမည်ကြီးတဲ့ ဇေရဲထက်ဟာ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အချိန်မှာ အနုပညာအလုပ်တွေလုပ်ကိုင်တာနည်းပါးသွားခဲ့ပြီး ပရိသတ်တွေနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဇေရဲထက်က သူ့ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျတွေဟာ တရားသဘောနဲ့ယှဉ်ရင် ဖြစ်ခြင်းပျက်ခြင်းတွေသာဖြစ်ကြောင်း အခုလိုပဲပြောပြလာပါတယ်။“ကျွန်တော့်ဘဝရဲ့ဖြစ် ပျက် လေးကို တရားသဘောရ ဆင်ခြင်မိတာလေးကို ဝေမျှပါရစေ။(ဖြစ်ပျက်တရား ) ကျွန်တော်စာရေးဆရာလည်း မဟုတ်သလို ဆရာကြီးတစ်ပါးလည်းမဟုတ်ပါခင်မျာ။

ဘာလို့လည်းဆိုတော့ ကျွန်တော်က စာလုံးပေါင်း သတ်ပုံတောင် လုံးစိပတ်စိ မတတ်လို့ ဝန်ခံခြင်းပါ ခင်မျ။ကျွန်တော့်ဘဝ ဖြစ်တည်ပြီးပျက်လိုက် ဖြစ်လိုက် သဘောတရားကို အများကြီးမဟုတ်တောင် လေ့လာမိတာလေးပေါ့။ ကျွန်တော်အခုလိုဝေမျှခြင်းမှာ ကျနော့်ကိုချစ်ခင်တဲ့ လူတွေကို ကျွန်တော်ဝေမျှခြင်းပါ။ ကျွန်တော့်ကိုမုန်းသူ မလိုသူတွေကိုလည်း ကျွန်တော့်ကြောင့်မပူလောင်စေချင်သလို ကျွန်တော့်ကိုချစ်ခင်သူတွေအတွက်ကိုလည်း ကျနော့်ဘဝ ဖြစ်ပျက်တရားလေးကို ဆင်ခြင်မိတာကို ဝေမျှရေးသားခြင်းဖြစ်ပါသည်။ ဘယ်အရာမျှ မတည်မြဲ နေရာတိုင်း ကိုယ်နေနေတဲ့ပတ်ဝန်းကျင် ကိုယ်ပိုင်ဆိုင်တယ်လို့ထင်မှတ်ထားတဲ့ ရုပ်နာမ်တရားတွေဟာ စက္ကန့်နဲ့အမျှ ဖြစ်ပျက်နေတာကိုသတိထားမိစေချင်လို့ပါ။ ကျနော့်အရေးအသားမှာ မှားခဲ့သည်ရှိသော် စကားလုံးသတ်ပုံကအစ မှားရင်လည်း သည်းခံပေးပါလို့ ပြောပါစေခင်မျာ။”“ကျွနာ်တော့်ငယ်ဘဝ။ ။ ကျွန်တော်က မြေးဦး မိသားစုမှာ သားယောက်ျားလေးအရင်မွေးဖွားလို့ အရမ်းချစ်ခံရပီးအရမ်းအလိုလိုက်ခံရတဲ့ ကလေးပေါ့၊(ဖြစ်လာပီနော်) သိပ်မကြာခင် ကျွန်တော်ပထမတန်းမှာ ညီလေးနဲ့ဦးလေး(ဦးလေးက ကျနော်ထြက်ငယ်တယ် အဘွားက ၄၅ နှစ်မှ သားယောက်ျားလေးမွေးလို့ပါ။၊)မွေးလာတော့ ကျွန်တော်ဆိုတာပျောက်ပြီး ကလေးတွေဘက်ကို ဦးစားပေးပြီးကျွန်တော်ဟာ ဘေးရောက်ခြင်းမရောက် ရောက်သွားတယ် သူတို့ကိုဦးစားပေးရတယ်လေ အကုန်လုံးက။ (ပျက်ခြင်းအရာပေါ့) အာ့ဒီလိုနဲ့ နေလာခဲ့တာ (၁၀)တန်းဆိုတဲ့ဘဝအတွက်အရေးပါတဲ့နှစ်မှာ ကံကောင်းစွာ ဘော်ဒါတတ်ခွင့်ရခဲ့တယ်။(ဖြစ်ပြန်ပီပေါ့တရားအရ) သိပ်မကြာပါဘူး နှစ်ဝက်ရောက်တော့ စီးပွားရေးအခြေအနေအရ ဘော်ဒါထွက်ပြီး ဆရာ့နောက်လိုက်လံလေ့လာပီးညဘက်တွေမှာ အလကားလိုက်တတ်ရတယ်လေ(ပျက်ခြင်းသဘောတရားပေါ့)အာ့အချိန်က နှစ်ဝက်ဆိုကျောင်းမှာ စာမသင်တော့ပဲကျူရှင်သာအားကိုးရတဲ့ခေတ်အခြေအနေလေ။ဖြစ်လိုက်ပျက်လိုက်နဲ့ အပြင်မှာလည်း အလုပ်မျိုးစုံကအသေးစိတ်မရေးတော့ပါဘူး ။ ဖြစ်လိုက်ပျက်လိုက် နဲ့ တက္ကသိုလ်မှာ ထမင်းဆိုင်ကို မိဘအကူညီမပါပဲ ကိုယ့်ရဲ့ ငွေနဲ့ စုဆောင်းလုပ်ဆောင်ခဲ့တဲ့အရာနဲ့ ဖွင့်နိုင်ခဲ့တယ် အသက် (၁၆)နှစ်လောက်ပေါ့ (ဖြစ်လာခြင်း တရားသဘောပေါ့)”“သိပ်မကြာပါဘူး ရောင်းရပြီး ရှုံးချက်က ပတ်ပတ်စက်စက်ပါ လုံးဝအရင်းတောင်မရှိတဲ့ဘဝပေါ့(ပျက်ခြင်းသဘောတရားတွေ) အာ့လိုနဲ့ အပြင်မှာအလုပ်တွေပြန်လုပ် ဆိုင်ကယ်လေးကို မစီးရက်(မိဘဝယ်ပေးခြင်းမဟုတ်ပါ ကိုယ်တိုင်ရှာဖွေစုဆောင်းပီးဝယ်ခြင်းဖြစ်၏)ကယ်ရီငှားတယ် ရတဲ့ပိုက်စံလေးကိုအတိုးပေး ကိုယ်တိုင်ကလည်း ကားရိုတ်နေသလိုပဲ မျိုးစုံသောအလုပ်တွေနဲ့ ရှာပီး စုပီး ဆိုင်ကိုပြန်ဖွင့်ခဲ့တယ်(ဖြစ်လာပြန်ပီ တရားသဘောနော်) အာ့နှစ်မှာဆိုင်ကရှုံးကြွေးအပြင် အမြတ်ပါရခဲ့တယ်(ဖြစ်လာပြန်ပီ) ဒီလိုနဲ့ ရေရှည်အတွက်ဆိုင်ဖွင့်ဖို့ ရန်ကုန်ကိုကိတ်နဲ့ အအေးသင်ဖို့အလာမှာ မထင်မှတ်တဲ့ကံတရားက မော်ဒယ်လုပ်ဖို့အကြောင်းဖန်လာတယ်။ လုပ်တယ်ပေါ့ အိမ်ကမသိဘူး။ အာ့မှာ (547)လားမသိကန်တော်ကြီးမော်ဒယ်ရှိုး ပြိုင်ပွဲမှာ ဆုရတော့ သတင်းမှာပါတယ်လေ magazineတွေမှာ အာ့မှာ အဘဖြစ်သူက ကြွားပါလေရော်လေ။ အာ့မှာစတာပဲ။

နယ်လည်းမပြန်ရဲ ဆိုင်လည်းမဖွင့်ရဲ ရှက်လို့လေ ။ အာ့မှာ ပျက်ခြင်းသဘောတရားက စတော့တာပါ။ စားဖို့ ကိုလည်းစိတ်ပူပင်ရ။ အဆောင်ဖိုး လတိုင်းမပေးနိုင်မှာကြောက်ရနဲ့ တစ်လအလုပ်တခု ကို ရဖို့ဘုရားမှာဆုတောင်းရ ရရင်လည်းမသုံးရက် လခပြေးပေး အချိန်တန်ထမင်း နှစ်နပ်စားရဖို့ လခလေးပြေးပေးနဲ့ ပူလောင်ရတဲ့ဘဝပါ (ပျက်ခြင်းသဘောတရား) အာ့ခေတ်က fbတို့မရှိဘူးလေ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့အရမ်းခက်ခဲ ရတာ ပင်ပန်းရတာ ဒုက္ခရောက်ရတာပါ။ (ပျက်ခြင်းတွေပါ) မထင်မှတ်ပဲ ကျေးဇူးရှင်လက်ဦးဆရာ ကြောင့် ကျနော် သံလွင်မှာ စင်တင်မင်းသားဖြစ်ခွင့်ရသလို အကြီးအကဲ ဆရာသမားတွေရဲ့ သင်ပြပေးမူ့ကိုရခဲ့တယ်(ဖြစ်ပြန်ပီပေါ့ တရားသဘောအရ) မောပန်းချက်က နာမည်ရပြီးနေတာတောင် သူငယ်ချင်းအိမ်မှာနေရသေးတယ် တက္ကစီလေးနဲ့ကားရိုတ်သွားရ အဝတ်အစားငှားဝတ်ရ တက္ကစီဖိုးမပေးနိုင်လို ညပိုင်း calenderတွေပြေးရိုက်ရတဲ့ပိုက်ဆံလေးနဲ့တက္ကစီခရှင်းရ။စာချုပ်အရ တကားကို တစ်သိန်းနဲ့ချုပ်ထားပေမယ့် အဆင်မပြေဘူးလေ တက္ကစီတောင် အသွားအပြန်(၁၅၀၀၀)လောက်ရှိတာ တစ်နေကုန်ခေါ်ရင် ဘယ်လောက်ကျမလည်းစဉ်းစားသာကြည့်ပေါ့(ပျက်နေတာပါ သဘောတရား)”“ပြောရရင် (ဖြစ်ပျက်ဒွန်တွဲနေတဲ့အချိန်ပေါ့ တခုချင်းစီဖြစ်နေတာမဟုတ်ဘူးနော် တချိန်တည်းမှာ ဖြစ်နေတာပါ) အာ့လို့နဲ့ ဂယက်တစ်ခုလာပီ ကျွန်တော့်ကိုချုပ်ထားတဲ့ သူငှေးက ထွက်သွားပီး ကျွန်တော့်ကိုကျွန်တော်မသိပဲ ရောင်းခဲ့လေရဲ့ ။အမလေးဗျာ ဖြစ်မယ်မကြံသေး ရုံးရောက်ဂတ်ရောက် ရုပ်ရှင်အစည်းအရုံးကပိတ်ထားနဲ့ တနှစ်ကျော်လောက်လုပ်ခွင့်မရပြန်ဘူး(ပျက်ပီပေါ့သဘောတရား) အာ့လိုနဲ့အမှန်တရားနဲ့ စစ်မှန်တဲ့ ဖြစ်တည်မူ့ကြောင့်အလုပ်တွေလုပ်ခွင့်ရပီး ဝင်ငွေတွေရလာအဆင်ပြေခဲ့တာပေါ့(‌အော် ဖြစ်လာပြန်ပီကော) လုပ်ရင်းနဲ့အတိုက်ခိုက်တွေ ပုတ်ခတ်စော်ကား ဆွဲချ နာမည်ဖျတ်အမျိုးမျိုးရှိခဲ့တယ် ကျွန်တော်ကျော်နိုင်ခဲ့သလို အခုထိလည်းခံရဆဲပါ)အာ့တာတွေက ကျွန်တော့်ဘဝနဲ့ယှဉ်ရင် မြူမှုန်အသေးဖွဲ့လေးမို့ သိပ်ခေါင်းထဲမထည့်‌ဘူးလိုဆိုပေမယ့် ခံစားရပါတယ်။ ဒီလိုနဲ့ videoကနေ သရုပ်ဆောင်တိုင်းရုပ်ရှင်ကိုတက် လှမ်းရတာပါ ရုပ်ရှင်တတက်ဖို့အားယူတဲ့အချိန် videoခေတ်ပျက်ရုံမက ရောဂါတွေ ထဖြစ် နား အခုအခြေအနေတွေနဲ့ရင်ဆိုင်ရ (ပျက်ခြင်းသဘောတရားတွေကို တွေ့မြင်ရလာပါတယ်) အတိုချုံးပြောရရင် ဖြစ်ပျက်တရားက လူတိုင်း နေရာတိုင်း ခံစားရမှာမလွဲမသွေပါ။ ခံယူချက်နဲ့ လူတွေအပေါဖြူစင်တဲ့စိတ်နဲ့ မေတ္တာတရားထားပြီးသားနေပါတယ်။အရာတိုင်းက အမြဲမပျက်သလို အမြဲလည်းမဖြစ်နေဘူးဆိုတဲ့ တရားသဘောသိထားရင် ဘယ်လိုအခြေအနေပဲရောက်ရောက် ခံစားရသက်သာစေပါတယ်။ (အဓိကက ဖြစ်ပျက်တရားကို ဆင်ခြင်တွေ့မြင်လာပြီး အေးချမ်းချင်တဲ့ စိတ်လေးနဲ့ တတ်နိုင်တဲ့အရာလေးတွေ လောဘမောဟဒေါသမရှိပဲ ဖြတ်သန်းချင်ရုံကလွဲပြီးး ဘာမှ ကျွန်တော်မမျှော်လင့်ပါဘူးခင်မျာ။) ကျွန်တော်နဲ့ထပ်တူအားလုံးကျန်းမာချမ်းသာပြီး ခံစားနေရတဲ့အပူတွေမြူမှုန်တစိုးတစိမှမကျန်ပဲ ပျောက်ကုန်ပါစေ။”
MyanmarCelebrit

Leave a Reply

Your email address will not be published.