မြန်မာဆယ်လီ

ပရဟိတအခမဲ့ဆေးခန်းအတွက် တစ်နေ့တာ ဆေးဝါးကုသိုလ်နဲ့ အဟာရဒါနကုသိုလ်ပြုခဲ့တဲ့ မျိုးမင်းစိုး

ပရိသတ်ကြီးရေ မျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီဇိုင်နာလောကမှာ ထိပ်တန်းဒီဇိုင်နာတစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မျိုးမင်းစိုးကတော့ အလှူအတန်းတွေလည်း ရက်ရောစွာလှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်ချီးကျူးနေခဲ့ရတဲ့သူဆိုရင်လည်း မမှားပါဘူး။

နေ့စဉ်နေ့တိုင်းလိုလို ကောင်းမှုကုသိုလ်တွေကို မပျက်တမ်းပြုလုပ်နေခဲ့ပြီး တကယ်ကို စေတနာသဒ္ဒါတရားထက်သန်လွန်းလှတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဒီဇိုင်နာမျိုးမင်းစိုးကတော့ မွန်မြတ်လှတဲ့ ကောင်းမှုလေးတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

“နွားထိုးကြီးမြို့နယ်.ဖလံကုန်းကျေးရွာ တွင် ဖွင့်လှစ်ထားသော မေတ္တာစေတနာ ကျန်းမာရေး ပရဟိတ အခမဲ့ဆေးခန်း လေးအတွက် … အလှုရှင်လိုအပ်နေကြောင်းဆက်သွယ်လာလို့…(၁-၈-၂၀၂၂)တစ်ရက်တာ ဆေးဝါးကုသိုလ်နှင့်အဟာရအတွက် ကြ က်သားဆန်ပြုတ် အဟာရကုသိုလ်အတွက် ကျန်တော့်မှအလှူငွေ. မတည်လှူဒါန်းပေးပါတယ်ခင်ဗျာ…..ဆေးခန်းလေးက ဆေးရုံဆေးခန်းများနှင့် 7မိုင်ကျော်အကွာတွင်တည်ရှိပြီး ကျေးရွာပေါင်း ၅ရွာ မှလူဦးရေ ၃၀၀၀ ကျော်အတွက် အဓိကအားထားရာနေရာလေး မှာပါ…အများအကျိုးအတွက်ဆထက်တိုး၍ သယ်ပိုးနိုင်သောသူဖြစ်ပါရစေ

” ဆိုပြီးတော့ တကယ်ကို ကောင်းကျိုးပြုနေခဲ့ဆေးခန်းလေးမှာ လှူဒါန်းခွင့်ရခဲ့တဲ့ ပီတိတွေကိုလည်း မျှဝေထားခဲ့ပါတယ် ပရိသတ်ကြီးရေ။
MyanmarCelebrit

Leave a Reply

Your email address will not be published.