မြန်မာဆယ်လီ

ထီးပြင်ကာ ဝမ်းရေးအတွက် သမာအာဇီဝကျကျဖြေရှင်းနေတဲ့ အဘိုးကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေးကို ခက်ခဲစွာနဲ့ သမာအာဇီကျကျ လုပ်ကိုင်စားသောက်နေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကို လိုက်လံကူညီထောက်ပံ့နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးစက်က ထီးပြင်ကာ ဝမ်းရေးအတွက် သမာအာဇီဝကျကျဖြေရှင်းနေတဲ့ အဖိုးတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။


မိုးစက်ကတော့ အဖိုးတို့ မြေးအဖွားကိုတွေ့ပြီး အဖိုးတို့ စားဝတ်နေရေးအတွက်သူက (၁)သိန်းနဲ့ အလှူရှင် လှူဒါန်းပေးထားတဲ့ အလှူငွေ (၁)သိန်း စုစုပေါင်း (၂)သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ မိုးစက်ကတော့ အဖိုးနဲ့ တွေ့ဆုံပြီး အဖိုးအတွက် လှူဒါန်းပေးဖြစ်ခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
ထီးပြင်တာကနေ တစ်ထောင်ပဲရရှိသးတဲ့ အဖိုးရဲ့ အိမ်ပြန်လမ်းမှာ မထင်မှတ်ဘဲ မိုးစက်နဲ့ တွေ့ဆုံခဲ့တာကြောင့် အလှူငွေ (၂)သိန်းကျပ်ရရှိသွားတဲ့ အခါ အဖိုးရဲ့ မျက်နှာပေါ်ကပီတိအပြုံးတွေကတော့ တကယ်ကို ကြည်နူးပီတိတွေဝေဖြာနေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မိုးစက်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။


MyanmarCelebrit

Leave a Reply

Your email address will not be published.