မြန်မာဆယ်လီ

မင်းမော်ကွန်း သြစီရောက်သွားပေမယ့် သူ့အင်အားနဲ့ကြိုးစားပေးဦးမယ့် ရှယ်ပလန်တွေလာဦးမှာဆိုတဲ့ တိုင်းကျော်

ဟားငါးကောင်အဖွဲ့ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေရှိရာဘက်ကို မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ဖို့ တောခိုခဲ့တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင်ထဲက တိုင်းကျော်ဟာလည်း တော်လှန်ရေးအတွက် ရဲရဲတောက်စိတ်ထားနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း တိုင်းကျော်က သရုပ်ဆောင်မင်းမော်ကွန်း သြစတေးလျရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။တိုင်းကျော်က
” ကိုကျော် သြစီရောက်သွားပြီဆိုယုံလောက်နဲ့ဘဲ ဂေါင်းကြီးတို့မျက်ရည်အကုန်မကျနဲ့ဦး ။ ရှယ်ပလန်တွေလာဦးမှာနော် ၊ သူ့ အင်အားနဲ ကြိုးစားပြီးရှာပေးမဲ့တော်လှန်းရေးအတွက် ၊ လိုအပ်နေတဲ့ ပရိဘောကတွေရှာပေးတော့မှာ ၊ အဲ့ကျမှအဝငိုနော် . … ..တိုင်းကား ( ဟား၅ကောင် )” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

တိုင်းကျော်နဲ့ မင်းမော်ကွန်းတို့ကတော့ အရင်ကတည်းက အနုပညာလောကထဲမှာ အတူတူကျင်လည်ခဲ့သူတွေဖြစ်သလို တော်လှန်ရေးကာလမှာလည်း ရည်မှန်းချက်ချင်းတူညီကြသူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းဖေးမပေးနေကြသူတွေပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.